May 31, 2023

အဒေါ်ဖြစ်သူရဲ့ အညာသူကဖေးဆိုင်လေးကို လာရောက်ကြဖို့ ချစ်စဖွယ်ဖိတ်ခေါ်လိုက်တဲ့ သဇင်ထူးမြင့် 

ပရိတ်သတ်တွေအားလုံးချစ်ကြတဲ့ သဇင်ထူးမြင့်ကတော့ ဟာသသရုပ်ဆောင်ခင်လှိုင်ရဲ့ သမီးချောလေးအဖြစ် စတင်လူသိများခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ အနုပညာလောကထဲမှာ အောင်မြင်ကျော်ကြားတဲ့ မင်းသမီးလေးဖြစ်နေပါပြီ။

အေးအေးချမ်းချမ်းပုံစံလေးနဲ့ လုံခြုံစွာဝတ်စားဆင်ယင်တတ်တာကြောင့် လူကြီးလူငယ်ပရိတ်သတ်တွေအားလုံး ချစ်ခင်အားပေးရတဲ့သဇင်ထူးမြင့်ဟာ မြန်မာဆန်ဆန်ဖက်ရှင်လေးတွေနဲ့လဲ လိုက်ဖက်လွန်းသူတစ်ဦးပါ။

မတ်လ ၂၂ ရက်နေ့ညမှာတော့ အဒေါ်ဖြစ်သူ ဖွင့်လှစ်ထားတဲ့ အညာသူ ကဖေးနှင့်စားဖွယ်စုံဆိုင်ဖွင့်ပွဲကို အညာသူလေးလို ဖြီးလိမ်းပြင်ဆင်ပြီး တက်ရောက်ခဲ့တဲ့ပုံလေးတွေကို မျှဝေလာပြီး “သဲရဲ့ အန်တီ Ei Ei Chaw တို့ရဲ့ အညာသူ ကဖေး&စားဖွယ်စုံဆိုင်ဖွင့်ပွဲအမှတ်တရပုံလေးတွေပါ🤍
မန်းလေးရောက်တဲ့အခါ လာရောက်အားပေးဖို့
ဖိတ်ခေါ်ပါတယ်ရှင်
လိပ်စာက ၄၁လမ်း ၆၉လမ်းx၇၃လမ်းကြားမှာပါ🥰” လို့လဲ ပရိတ်သတ်တွေကို လာရောက်အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ပရိတ်သတ်တွေလဲ ရိုးရိုးယဉ်ယည် အညာသူလေးလို ဝတ်စားထားတဲ့ သဇင်ထူးမြင့်ရဲ့ပုံလေးတွေကိုကြည့်ပြီး ရင်ထဲအေးချမ်းသွားကြမှာပါ။ သဇင်ထူးမြင့်ဖိတ်ခေါ်တဲ့ အညာသူ ကဖေးဆိုင်လေးကို ကြုံကြိုက်တဲ့အခါ သွားရောက်လည်ပတ်လိုက်ကြပါဦးနော်။

Nana

Celepedia Myanmar

Leave a Reply

Your email address will not be published.