ဝါရင့်ဇာတ်ပို့သရုပ်ဆောင်ကြီး ဒေါ်သန်းသန်းစိုးကတော့ အနုပညာသက်တမ်းတစ်လျှောက် ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကိုသာ ခံခဲ့ရေ့မယ့် အခုတော့ခြေလှမ်းတစ်ချက်ကြောင့် အရှက်တကွဲဖြစ်မှုတွေကို ရင်ဆိုင်နေရပါတယ်။

ဒီနှစ်သင်္ကြန်ကတော့ နိုင်ငံရေးအခြေအနေတွေနဲ့ တိုင်းပြည်ကလူအများစု စိတ်ဆင်းရဲဒုက္ခပင်လယ်ဝေနေကြတာကြောင့် အနုပညာရှင်အများစုကလဲ သင်္ကြန်ကိုမဏ္ဌပ်တွေမှာသီချင်းမဆိုဘဲ ပွဲတွေကိုလက်မခံဘဲ ပြည်သူနဲ့တသားတည်းရပ်တည်ကြောင်းပြသခဲ့ကြတာပါ။

ပြည်သူချစ်နာမည်ကျော် အနုပညာရှင်တွေအားလုံးနီးပါးက သင်္ကြန်မှာသီချင်းဆိုဖို့ လက်မခံခဲ့ကြတာဖြစ်လို့ မြို့တော်ဝန်မဏ္ဍပ်တွေမှာ နာည်သိပ်မကြီးတဲ့ ဇာတ်ပို့၊ဇာတ်ရံ သရုပ်ဆောင်တွေသာ သီချင်းတက်ဆိုနေကြတာဖြစ်ပါတယ်။

ပရိတ်သတ်တွေအနေနဲ့ကတော့ အဲ့လိုသီဆိုခဲ့ကြ၊ ပျော်ပါးခဲ့ကြသူတွေကို ပြင်းပြင်းထန်ထန် ဝေဖန်လှောင်ပြောင်ခဲ့ကြပြီး ထိုထဲမှာ နာမည်ကျော်ဇာတ်ပို့သရုပ်ဆောင် သန်းသန်းစိုးလဲ ပါဝင်ခဲ့ပါတယ်။

ပျော်ပျော်ပါးပါးသီချင်းဆိုနေတဲ့ ဗီဒီယိုပျံ့နှံ့လာချိန်မှာပဲ သန်းသန်းစိုးရဲ့ အကောင့်ဟာ hack ခံလိုက်ရပြီး အများသူငါကြည့်ရှုဖို့မလျော်ကန်တဲ့ ပုံရိပ်တွေပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။

အကောင့်ဟက်ထားသူဟာ အဆိုပါပုံတွေထဲကတစ်ပုံကို ပရိုဖိုင်ဓာတ်ပုံပါထားခဲ့တာကြောင့် ပရိတ်သတ်အချို့ကတော့ ဒေါ်သန်းသန်းစိုးရဲ့လုပ်ရပ်ကလဲ မမှန်ပေမယ့် ဒီလိုလုပ်ရပ်မျိုးကတော့ မလုပ်သင့်ကြောင်း ဝိုင်းဝန်းပြောဆိုခဲ့ကြပါတယ်။

အခုချိန်မှာတော့ အကောင့်ကိုဟက်ခဲ့တဲ့သူဟာ ပုံတွေအကုန်လုံးကို ပြန်ဖျက်လိုက်ပြီဖြစ်ကြောင်း တင်ထားခဲ့ပါတယ်။

Nana
Celepedia Myanmar