ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့ကတော့ မော်ဒယ်လောကမှာနေရာတစ်နေရာစီအခိုင်အမာရရှိထားကြတဲ့ မော်ဒယ်၊ သရုပ်ဆောင်တွေဖြစ်ပြီး ပရိတ်သတ်တွေအားကျရတဲ့ စုံတွဲလေးလဲဖြစ်ပါတယ်။ မြန်မာ့အနုပညာလောကမှာ ရှားရှားပါးပါးချစ်သူသက်တမ်း (၁၀) နှစ်ကျော်တဲ့ စုံတွဲလေးဖြစ်လို့ လူငယ်တွေရဲ့ idol စုံတွဲလေးဖြစ်ပါတယ်။

လက်ရှိမှာ ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့ ချစ်သူနှစ်ဦးကတော့ မန္တလေးကိုခရီးထွက်နေကြတာဖြစ်ပြီး ကြော်ငြာတွေရိုက်ကူး၊ အလုပ်တွေလုပ်ရင်း ချစ်သူနှစ်ဦးပျော်စရာအချိန်လေးတွေလဲကုန်ဆုံးနေကြတာဖြစ်ပါတယ်နော်။
မန္တလေးကနေ ရန်ကုန်ကိုအပြန်မှာတော့ Flight delay ဖြစ်နေတာကြောင့် နှစ်ဦးသားလေဆိပ်မှာပဲ စားသောက်နေရတာဖြစ်ပြီး ချစ်သူလေးကောင်းပြည့်ကတော့ ခေါက်ဆွဲပြုတ်ကို နှစ်ဘူးတောင်စားနေတာဖြစ်လို့ သိပ်မစားရှာဘူးလို့ စနောက်ပြီးတင်ထားခဲ့တာဖြစ်ပါတယ်။

အချိန်ကြာလာတာနဲ့အမျှ တစ်ဦးနဲ့တစ်ဦးစစနောက်နောက်နဲ့ လက်တွဲတွေပိုခိုင်မာလာကြတဲ့ စုံတွဲလေးကိုကြည့်ပြီး ပရိတ်သတ်တွေလဲ အပျော်တွေကူးစက်ကြလိမ့်မယ်ထင်ပါတယ်။

သန္တာဗိုလ်နဲ့ ကောင်းပြည့်တို့စုံတွဲလေးလဲ ဒီလိုမျိုးတစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင်နဲ့ ပျော်ရွှင်စရာနှစ်ပတ်လည်တွေအများကြီးကို ဖြတ်သန်းနိုင်ပါစေနော်။
Nana
Celepedia Myanmar