June 30, 2022

သမီးတွေ၊ တူမတွေနဲ့ အပြိုင်လှပနုပျိုနေတဲ့ စမိုင်းလ်တို့ညီအစ်မရဲ့ပုံရိပ်လေးများ

သရုပ်ဆောင်၊ မော်ဒယ် စမိုင်းလ်ကတော့ လွန်ခဲ့တဲ့နှစ် ၂၀ လောက်ကတည်းက အနုပညာလောကထဲကိုရောက်ရှိခဲ့တာဖြစ်ပြီး အခုချိန်ထိ အရင်ကလိုနုပျိုလှပနေဆဲဖြစ်တာကြောင့် ပရိတ်သတ်တွေအားကျနေရတာပါ။ အနုပညာလောကထဲကနေ ခဏပျောက်ကွယ်သွားပေမယ့် မြန်မာပြည်ကိုပြန်ရောက်တဲ့အခါမှာလဲ သမီးတွေအပျိုအရွယ်ရောက်တဲ့အထိ သမီးတွေနဲ့အပြိုင်လှနေပြီး ခန္ဓာကိုယ်ကအစချပ်ရပ်လှပနေတာဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ စမိုင်းလ်က သူတို့ညီအစ်မနှစ်ဦးနဲ့ သမီးဖြစ်သူ ပေါ်ရှာ၊ ကလိုဝီတို့ ညီအစ်မနှစ်ဦး ဆင်တူဝတ်စုံလေးတွေဝတ်ပြီး ရိုက်ကူးထားတဲ့အလှဓာတ်ပုံလေးတွေကို …

မိခင်ဖြစ်သူကိုယ်တိုင်ဖန်တီးထားတဲ့ မြန်မာဝတ်စုံလေးတွေနဲ့ ကျက်သရေရှိရှိလှနေတဲ့ မေတိုးခိုင်

အပြုံးချိုချိုလေးနဲ့ ပရိတ်သတ်အချစ်တော်လေး မေတိုးခိုင်ကတော့ အအောင်မြင်ဆုံးထိပ်တန်းမင်းသမီး အိန္ဒြာကျော်ဇင်ရဲ့တူမလေးဖြစ်ပြီး ဒီဇိုင်နာအိကျော်ဇင်ရဲ့ သမီးကြီးဖြစ်ပါတယ်။ ဒီဇိုင်နာအိကျော်ဇင်ဟာ Vivid Fashion Taste ဆိုတဲ့တံဆိပ်လေးကို ဦးစီးထုတ်လုပ်နေတာဖြစ်ပြီး ညီမဖြစ်သူ အိန္ဒြာကျော်ဇင်နဲ့ သမီးဖြစ်သူ မေတိုးခိုင်တို့အတွက် ဝတ်စုံလေးတွေလဲ ဖန်တီးပေးနေတာဖြစ်ပါတယ်။ အခုချိန်မှာတော့ သူတို့ရဲ့မိသားစုလေးလဲ ပြန်လည်ဆုံစဉ်းနေပြီဖြစ်လို့ စီးပွားရေးတွေကိုလဲ သေချာပြန်လည်လုပ်ကိုင်နေပြီး မြန်မာဝတ်စုံလေးတွေ …

သားငယ်လေးရဲ့ တစ်နှစ်ပြည့်မွေးနေ့လေးမှာ ရိုက်ကူးထားတဲ့မိသားစုဓာတ်ပုံလေးတွေကို ဝေမျှလာတဲ့ မိုးယုစံ

မိုးယုစံကတော့ အလှမယ်၊ မော်ဒယ်တစ်ဦးအဖြစ်ကနေ သရုပ်ဆောင်ဖြစ်လာတဲ့ မင်းသမီးတစ်ဦးဖြစ်ပြီး အနုပညာခရီးလမ်းတစ်လျှောက်ပရိတ်သတ်တွေများစွာရရှိခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ ဗီဒီယို၊ ရုပ်ရှင်ကားတွေများစွာရိုက်ကူးရင်း ပရိတ်သတ်အားပေးမှုတွေများစွာရရှိခဲ့တဲ့ မိုးယုစံဟာ အိမ်ထောင်ကျသွားချိန်မှာတော့ အနုပညာအလုပ်တွေကနေ အနားယူခဲ့ပြီး ပရိတ်သတ်တွေအနေနဲ့ သူ့ရဲ့သရုပ်ဆောင်မှုတွေကို မတွေ့ရတော့ပါဘူး။ အခုချိန်မှာတော့ မိုးယုစံဟာ သားချောလေးနှစ်ယောက်ရဲ့ မေမေဖြစ်နေပြီဖြစ်ပြီး ချစ်စရာကောင်းပြီး ကြည်နူးစရာကောင်းတဲ့ သူတို့ရဲ့မိသားစုပုံရိပ်လေးတွေကိုလဲ ပရိတ်သတ်တွေကို …

မိန်းကလေးပရိတ်သတ်တွေရဲ့ အသဲနှလုံးကို ဆံပင်ရှည်ရှည်လေးနဲ့ ဖမ်းစားခဲ့ပြန်တဲ့ကျော်ထက်ဇော်

ကျော်ထက်ဇော်ကနေ မြန်မာဇာတ်လမ်းတွဲတွေနဲ့ လူသိများလာတဲ့ မင်းသားတစ်လက်ဖြစ်ပြီး ရုပ်ရည်ကလဲချောမောသလို အပြောအဆို ယဉ်ကျေးသိမ်မွေ့တာကြောင့် အချိန်တိုအတွင်းမှာ ပရိတ်သတ်အသဲစွဲတစ်ဦးဖြစ်လာပြီး အောင်မြင်မှုတွေရရှိလာတာပါ။ အမုန်းမှသည်၊ အချစ်ဖွဲ့လေညှင်း စတဲ့ဇာတ်လမ်းတွဲတွေမှာ မတူညီတဲ့ဇာတ်ရုပ်တွေကို ပီပြင်အောင်ပုံ‌ဖော်ရင်း မိန်းကလေးပရိတ်သတ်တွေကို ကြွေအောင်လုပ်ခဲ့သူလဲဖြစ်ပါတယ်။ ဆံပင်တိုတို ခန့်ညားသန့်ပြန့်တဲ့ပုံစံနဲ့ပဲ တွေ့ရဖန်များပြီး တည်တည်ငြိမ်ငြိမ်ကိုကြီးပုံစံနဲ့ အားလုံးကြွေခဲ့ရတဲ့ ကျော်ထက်ဇော်ဟာ အခုတစ်ခါမှာလဲ ပုံစံသစ်နဲ့ …

နွေရာသီရဲ့ပန်းလေးတွေနဲ့ အလှချင်းပြိုင်နေတဲ့ မင်းသမီးချောလေး ပိုးကြာဖြူခင်

ပိုးကြာဖြူခင်ကတော့ အလှမယ်ပြိုင်ပွဲတွေကတစ်ဆင့် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ ဇာတ်လမ်းတွဲတွေရိုက်ကူးရင်း ပရိတ်သတ်တွေ အားအပေးရဆုံးမင်းသမီးလေးတစ်လက်ဖြစ်နေပါပြီ။ ဆိုင်းမိုင်ဆိုတဲ့ ဇာတ်ရုပ်နာမည်လေးနဲ့ ပရိတ်သတ်တွေ အများဆုံးသိကြတဲ့ ပိုးကြာဖြူခင်ဟာ ဇာတ်ရုပ်တိုင်းမှာသရုပ်ဆောင်ကောင်းရုံသာမက ယဉ်ယဉ်လေးနဲ့မရိုးနိုင်တဲ့အလှကိုလဲ ပိုင်ဆိုင်ထားသူလေးပါ။ ဖက်ရှင်ကိုလဲ ပရိတ်သတ်တွေအမြင်မရိုင်းအောင် လုံလုံခြုံခြုံလေးနဲ့ ကျော့ရှင်းနေအောင်ဝတ်စားတတ်ပြီး သူ့ရဲ့အလှဓာတ်ပုံလေးတွေကိုလဲ ပရိတ်သတ်တွေအတွက် အမြဲတင်ပေးလေ့ရှိပါတယ်။ ဒီတစ်ခေါက်မှာလဲ ချစ်စရာဂါဝန်လေးကိုဝတ်ပြီး …

မျှော်နေကြတဲ့ ပရိတ်သတ်တွေအတွက် သီချင်းသစ်တစ်ပုဒ်ထုတ်ပေးမယ့်အကြောင်း ပြောလာတဲ့ ရွှေထူး

ရွှေထူးကတော့ ပရိတ်သတ်တွေရဲ့ပါးစပ်ဖျားမှာရေပန်းစားတဲ့ သီချင်းတွေကို ဖန်တီးသီဆိုခဲ့ပြီး အောင်မြင်မှုတွေများစွာရရှိထားတဲ့ အဆိုတော်တစ်ဦးပါ။ အဆိုတော်အဖြစ် စတင်အောင်မြင်လာခဲ့ပြီးနောက်မှာတော့ ရုပ်ရှင်ကားကြီးတွေပါ ပါဝင်ရိုက်ကူးလာခဲ့ရပြီး သရုပ်ဆောင်တစ်ဦးလဲဖြစ်လာခဲ့တဲ့ ရွှေထူးဟာ မင်းသမီးရွှေမှုံရတီနဲ့ လက်ထပ်ထိမ်းမြားထားပြီး အားကျစရာ အိမ်ထောင်‌ရေးလေးကို ထူထောင်ထားတာပါ။ ဒီနှစ်ပိုင်းတွေမှာတော့ နိုင်ငံရေးအခြေအနေတွေကြောင့် ရွှေထူးနဲ့ ‌ရွှေမှုံရတီတို့ ဇနီးမောင်နှံနှစ်ဦးလုံး အနုပညာအလုပ်တွေကနေရော လူမှုကွန်ယက်ကနေပါ ပျောက်ကွယ်နေကြတာဖြစ်ပြီး …

ရုပ်ရှင်တွေထဲက ရေသူမလေးလိုဝတ်ဆင်ပြီး ပရိတ်သတ်တွေကိုပါးစပ်အဟောင်းသားဖြစ်စေခဲ့တဲ့ အိချောပို

အိချောပိုကတော့ သရုပ်ဆောင်ဘက်မှာလဲ အောင်မြင်မှုတွေများစွာရရှိထားသလို မြန်မာဆန်ဆန်နဲ့ ဆွဲဆောင်မှုရှိတဲ့ကောက်ကြောင်းအလှကိုပိုင်ဆိုင်ထားတာဖြစ်တာကြောင့် အမျိုးသားတွေရဲ့ အိပ်မက်ထဲကမင်းသမီးလေးလဲ ဖြစ်ပါတယ်နော်။ အိချောပိုဟာ အခုချိန်မှာ ပင်လယ်ကမ်းခြေကို အပျော်ခရီးရောက်ရှိနေတာဖြစ်ပြီး ကမ်းခြေဖက်ရှင်တွေနဲ့ သူမရဲ့စွဲမက်စရာအလှပုံရိပ်တွေကိုလဲ ပရိတ်သတ်တွေအတွက် နေ့တိုင်းလိုလိုတင်ပေးနေတာဖြစ်ပါတယ်။ ဧပြီလ ၁၈ ရက်နေ့မှာတော့ အိချောပိုဟာ ပင်လယ်ကမ်းခြေက သဲသောင်ပြင်ပေါ်မှာ ရေသူမအမြီးလေးကိုဝတ်ဆင်ထားတဲ့ ပုံလေးတင်လာခဲ့တာကြောင့် ပရိတ်သတ်တွေအနေနဲ့ …

ပိုင်တံခွန်ပါဝင်ထားတဲ့ရုပ်ရှင်ကို ရုံမှာလာကြည့်ဖို့ဖိတ်ခေါ်နေတဲ့ ဒါရိုက်တာရဲ့ခင်ပွန်းက နောက်ကွယ်မှာ ပရိတ်သတ်ကိုလှောင်ပြောင်နေ

ကိုဗစ်အ‌ခြေအနေကြောင့် စတင်ရပ်နားလိုက်ရတဲ့ ရုပ်ရှင်ရုံတွေဟာနှစ်နဲ့ချီပြီး ပိတ်ထားအပြီးမှာတော့ အခုအခါမှာ ပြန်လည်ဖွင့်လှစ်ပြီး လူစည်ကားအောင်လုပ်ဖို့ ကြိုးစားနေကြပေမယ့် ပရိတ်သတ်တွေက ရုပ်ရှင်ရုံတွေကို သပိတ်မှောက်ဖို့ အချင်းချင်းလှုံ့ဆော်နေကြတာပါ။ ဒါကြောင့် ၅၀၅ (က) နဲ့ဖမ်းဆီးထောင်ချခံခဲ့ရာက လွတ်မြောက်လာတဲ့အနုပညာရှင်တွေနဲ့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူချစ်အနုပညာရှင်တွေရဲ့ ရုပ်ရှင်တွေကကို ရုံတင်ပြသဖို့ စီစဉ်ထားကြတာပါ။ ပါဝင်သရုပ်ဆောင်ထားတဲ့သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာအများစုကတော့ သူတို့ရဲ့ရုပ်ရှင်ကားတွေကို …

မြန်မာမလေးပီပီ လုံခြုံကျက်သရေရှိတဲ့ပုံစံလေးနဲ့ ဘုရားဖူးခဲ့တဲ့ပုံရိပ်လေးတွေကို မျှဝေလာတဲ့ နန်းဆုရတီစိုး

မြန်မာမလေးပီပီ လုံခြုံကျက်သရေရှိတဲ့ပုံစံလေးနဲ့ ဘုရားဖူးခဲ့တဲ့ပုံရိပ်လေးတွေကို မျှဝေလာတဲ့ နန်းဆုရတီစိုး နန်းဆုရတီစိုးကတော့ ပရိတ်သတ်တွေကြားမှာ မသိသူမရှိတဲ့မင်းသမီးလေးတစ်လက်ဖြစ်ပြီး အနုပညာသက်တမ်းနှစ်ပေါင်းများစွာမှာ ကိုရီးယားမလေးလို ချစ်စရာကောင်းတဲ့ပုံစံလေးနဲ့ အားလုံးကိုဖမ်းစားနိုင်ခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ အသက် ၃၀ ကျော်နေပြီးဖြစ်ပေမယ့် မိန်းကလေးတိုင်းအားကျရလောက်အောင် နုဖတ်နေတဲ့အသားအရည်လေးနဲ့ မျက်နှာနုနုလေးကိုပိုင်ဆိုင်ထားပြီး ငေးမောလောက်စရာအလှတရားတွေပိုင်ဆိုင်ထားဆဲပါ။ ရှမ်းတိုင်းရင်းသူ ကပြားမလေးဖြစ်တာကြောင့် ခပ်ဟော့ဟော့ဖက်ရှင်လေးတွေနဲ့လဲ လိုက်ဖက်တဲ့ နန်းဆုရတီစိုးဟာ …

မြေးမလေးစမိုင်းလ်ရဲ့ ဟိုတယ်ကဝန်ထမ်းလေးတွေကို မုန့်ဖိုးပေးရင်းပျော်နေတဲ့ ဖွားဖွားဒေါ်ခင်လေးဆွေ 

အနုပညာလောကထဲမှာ တစ်ကျော့ပြန်နာမည်ကြီးလာရုံမက စီးပွါးရေးမှာလဲ တစ်ဟုန်ထိုးအောင်မြင်ပြီး လူတကာပါးစပ်အဟောင်းသားဖြစ်ရတဲ့ ချမ်းသာကြွယ်ဝမှုတွေကို ပိုင်ဆိုင်ထားတဲ့ စမိုင်းလ်ဟာ ဝါရင့်မင်းသမီးကြီး ဒေါ်ခင်လေးဆွေရဲ့ မြေးတော်စပ်သူဆိုတာ ပရိတ်သတ်တွေအားလုံးသိကြပါတယ်နော်။ စမိုင်းလ်ကတော့ အခုချိန်ထိ သက်ရှိထင်ရှားကျန်းမာနေတဲ့ ဖွားဖွားကို စိတ်ချမ်းသာအောင်ထားပြီး လိုလေသေးမရှိချစ်ခင်ပေးတာကြောင့် ပရိတ်သတ်တွေရဲ့ချီးကျူးမှုတွေရရှိနေတာဖြစ်ပြီး အဖွားရဲ့ချစ်စရာပုံရိပ်လေးတွေကိုလဲ အမြဲတင်ပေးနေတာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စမိုင်းလ်ဟာ နှစ်သစ်အလှူအဖြစ် သူမပိုင်ဆိုင်တဲ့ …