December 5, 2022

ရင်ဖိုငေးမောချင်စရာကောက်ကြောင်းလေးရဖို့ သူလုပ်ရတဲ့လေ့ကျင့်ခန်းကို ပြသလာတဲ့ သင်ဇာဝင့်ကျော် 

မတ်မတ်သင်ဇာလို့အားလုံးချစ်စနိုးခေါ်ကြတဲ့ သင်ဇာဝင့်ကျော်ကတော့ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကတည်းက နာမည်ကြီးသရုပ်ဆောင်တစ်ဦးဖြစ်သလို အခုချိန်မှာလဲ ညို့အားပြင်းတဲ့အလှနဲ့ ထူးခြားတဲ့ဖက်ရှင်တွေကြောင့် ရေပန်းစားသူတစ်ဦးပါ။

ခန္ဓာကိုယ်အလှနဲ့ပတ်သက်ရင်လဲ ယောက်ျားလေးပရိတ်သတ်တွေတိုင်း တပ်မက်ရပြီး မိန်းကလေးတွေအတွက်လဲ အားကျရတဲ့ ကောက်ကြောင်းအလှပိုင်ရှင်တစ်ဦးပါ။ သင်ဇာဟာ သူ့ရဲ့ ခန္ဓာကိုယ်အလှကိုရရှိဖို့ အချိန်ကုန်လူပန်းခံကာ gym တွေဆော့ပြီး ကြိုးစားခဲ့ရတာဖြစ်လို့ ရလဒ်ကိုလဲ ဂုဏ်ယူဝင့်ကြွားစွာပြသလေ့ရှိပါတယ်နော်။

ဒီတစ်ခေါက်မှာတော့ သင်ဇာဟာ သူဆော့နေကျ gym မှာ ပေါင်တံနဲ့ ကောက်ကြောင်းအလှအတွက်အရေးပါတဲ့ လေ့ကျင့်ခန်းတစ်ခုကို လုပ်နေတဲ့ဗီဒီယိုလေးကို အနီးကပ်ရိုက်ကူးပြီးပြသလာပါတယ်။

အားထည့်ရတဲ့လေ့ကျင့်ခန်းဖြစ်ပေမယ့် သင်ဇာကတော့ ပေါ့ပေါ့ပါးပါးနဲ့ ချွေးတောင်မထွက်ဘဲဆော့ပြသွားတာဖြစ်လို့ ဒီလေ့ကျင့်ခန်းဟာပုံမှန်လုပ်နေကျ လေ့ကျင့်ခန်းဆိုတာသိသာပါတယ်။ ဒီလေ့ကျင့်ခန်းကြောင့်ပဲ သင်ဇာဟာ သွယ်လျတဲ့ပေါင်တံလေးနဲ့ ရင်ဖိုစရာအချိုးအစားကိုရရှိခဲ့ပုံပါပဲ။

ဒီလိုပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်ခဲ့လို့လဲ ဘာဝတ်ဝတ်လှတဲ့ ခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ခဲ့တာပေါ့နော်။

ပရိတ်သတ်တွေလဲ ဒီလေ့ကျင့်ခန်းလေးကိုလိုက်လုပ်မယ်ဆိုရင် သင်ဇာ့လိုကျန်းမာကြံ့ခိုင်ပြီး ကျစ်လစ်တဲ့အလှကို ရရှိလာနိုင်ပါတယ်။

Nana
Celepedia Myanmar

Leave a Reply

Your email address will not be published.