ချစ်သူဘဝကတည်းက ယနေ့အချိန်ထိအမြဲအလိုလိုက်ပြီးချစ်မဝဖြစ်နေတဲ့ ခင်ပွန်းဖြစ်သူကိုပိုင်ဆိုင်ထားတာကတော့ ဘေဘီမောင်ပဲဖြစ်ပါတယ်။ သူတို့အတွဲလေးဟာအမြဲနားလည်မှုအပြည့်နဲ့တည်ဆောက်ထားတာကြောင့် ပရသတ်တွေအားကျရတဲ့စုံတွဲလေးလည်းဖြစ်ပါတယ်။ ခုမှာလည်း ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပါ။

ဘေဘီမောင်ဟာ ခုချိန်မှာ သားဂန်ရဲ့ရင်သွေးလေးကိုလည်းလွယ်ထားရတာပါ။ ခုချိန်ကတည်းကနေပြီးတော့သူတို့မိသားစုဘဝလေးထဲကိုမကြာမီရောက်လာတော့မယ့်ရင်သွေးလေးအတွက်ကြိုရင်ခုန်နေတာပါ။ မိန်းမ ကိုယ်ဝန်ဆောင်နေချိန်လေးမှာလည်း သားဂန်းတစ်ယောက်က ဘေဘီမောင်ကိုစိတ်ချမ်းသာအောင်အမြဲဂရုစိုက်နေတာပါ။


ခုမှာလည်း မရိုက်ချင်ပါဘူးဆို လိုက်ပြီးရိုက်ရိုက်ပေးတယ်အဲ့ကိုသားဂန်း
လှနေတော့လည်းကျေနပ်သွားတယ်ခ်ခ်
ပိုပိုချစ်အောင်လုပ်တဲ့ယောက်ျားဆိုပြီး ပုံရိပ်လေးတွေတင်ထားတာပါ။ ကိုယ်ဝန်ဆောင်နေချိန်လေးမှာတောင် ဘေဘီမောင်တစ်ယောက်ကလှမြဲလှနေတုန်းဖြစ်ပါတယ်။ ပရိသတ်တွေလည်း အချစ်တော်ဘေဘီမောင်ရဲ့ ကိုယ်ဝန်ဆောင်ပုံရိပ်လေးတွေကိုလည်းကြည့်ပြီချစ်ပေးကြပါဦးနော်။