November 27, 2023

(၈) နှစ်တာကာလလုံး အစွဲအလန်းကြီးတဲ့သူ့အနားမှာနေပေးခဲ့တဲ့ ပစ္စည်းလေးတစ်ခုကို နှုတ်ဆက်စကားဆိုခဲ့တဲ့ ဘုန်းရှိန်ခန့်


အပြုံးချိုချိုလေးနဲ့ စကားပြောရင်လဲ အေးအေးဆေးဆေးနဲ့ပြောတတ်တဲ့ မင်းသားချောဘုန်းရှိန်ခန့်ကတော့ ပရိတ်သတ်ရဲ့ချစ်ခင်အားပေးမှုတွေကို များစွာရရှိထားသူတစ်ဦးပါ။

May be an image of 3 people, people standing and outdoors


ဇာတ်လမ်းတွဲတွေမှာသာ အလုပ်သဘောအရ ဇာတ်ရုပ်မျိုးစုံကို သွက်သွက်လက်လက်နဲ့သရုပ်ဆောင်ရပေမယ့် ပြင်ပဘဝမှာတော့ အနေအထိုင်အေးဆေးပြီး ရိုးရိုးရှင်းရှင်းသာနေတတ်တဲ့ ဘုန်းရှိန်ခန့်ဟာ အသစ်တွေဘယ်လိုပေါ်လာလာ အစွဲအလန်းကြီးတတ်တဲ့ သူ့ရဲ့အကျင့်လေးကို အခုလိုပဲပြောပြလာပါတယ်။

May be an image of 1 person, standing, sunglasses and sky


“ကျွန်တော်အစွဲလန်းအရမ်းကြီးသူပါ။ (၈.နှစ်) တာ ကာလလုံး အသစ်တွေဘယ်လိုပဲထွက်ထွက် ဒီဖုန်းလေးပဲ အလုပ်အတွက် သုံးခဲ့တာ ခုတော့ သူလည်းနားချင်ပြီပေါ့ တူတူရှိစဉ်ကာလတလျှောက်လုံး သူငယ်ချင်းတစ်ယောက်လို တူတူရှိနေပေးတဲ့ Samsung Note 3 လေးရေ ကျေးဇူးပါကွာ။”

No description available.


ဘုန်းရှိန်ခန့်ကတော့ သူများတွေ iPhone အသစ်ပေါ်တိုင်းပြောင်းကိုင်နေချိန်မှာ (၈) နှစ်လုံးလုံး မပြောင်းလဲဘဲအသုံးပြုလာတဲ့ သူ့ရဲ့ဖုန်းလေးက ပျက်သွားတာကြောင့် နှမြောတသစိတ်မကောင်းဖြစ်နေရှာတာပါ။

May be an image of 1 person and standing


နာမည်ကျော်အနုပညာရှင်တစ်ဦးဖြစ်ပေမယ့် ပကာသနနဲ့ အသစ်အဆန်းတွေကို မမက်မောတတ်တဲ့ ဘုန်းရှိန်ခန့်ရဲ့စိတ်ဓာတ်လေးကတော့ လေးစားစရာပါပဲနော်။
Nana
Celepedia Myanmar

Leave a Reply

Your email address will not be published.