ချစ်စရာမျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့အပြင် စကားပြောတာလေးကလဲသွက်သွက်လက်လက်နဲ့ ချစ်စရာကောင်းတဲ့ ဇာတ်လမ်းတွဲမင်းသမီးလေးကို ပြေးမြင်မိကြမှာပါ။

ဆောင်းဝတ်ရည်မေကတော့ ဇာတ်လမ်းတွဲရိုက်ကူးလာတာလဲကြာပြီဖြစ်ပြီး အခုချိန်ထိ ဇာတ်လမ်းတွဲတွေများစွာရိုက်ကူးထားတာဖြစ်လို့ ဇာတ်ရုပ်မျိုးစုံကိုလဲ စုံနေအောင်သရုပ်ဆောင်ဖူးတဲ့ မင်းသမီးတစ်လက်ဖြစ်နေပါပြီ။

သူသရုပ်ဆောင်ခဲ့ရတဲ့ ဇာတ်ရုပ်တွေထဲမှာမှ လူဆိုးမလေးအဖြစ် ဗီလိန်အဖြစ်သရုပ်ဆောင်ခဲ့ရတဲ့ဇာတ်ရုပ်ဖြစ်ပေမယ့် ပရိတ်သတ်တွေက မမုန်းတဲ့အပြင် အချစ်ပိုခဲ့ကြတဲ့ ဇာတ်ရုပ်လေးကဘာဖြစ်မလဲလို့ ပရိတ်သတ်တွေကို ဒီလိုမေးခွန်းထုတ်ခဲ့ပါတယ်။

နတ်သမီးမေမေ နတ်သမီးမေမေဆိုပြီး ခေါ်တာလေး ချစ်လို့ဆိုပြီး ခု့ထိ သူမကို နတ်သမီးမေမေဆိုပြီးချစ်နေကြဆဲ… …
ကျောင်းကန်တင်းတွေမှာလဲ နတ်သမီးမေမေ ထမင်းကျော်ဆိုပြီးတောင် နာမည်လေးပေးပြီးရောင်းကြတယ်
စိတ်ပုတ်မလေးနေရာဆိုပေမယ့် … အမြင်မကပ်ကြပဲ အချစ်ခံခဲ့ရတဲ့ ကံကောင်းသူလေး သူမ ….
ဇာတ်လမ်းထဲက သူမရဲ့ Character နာမည်ကရော ….. ??? မှတ်မိကြလား ?
ဖြေပေးဦးနော်”

အဲ့ဒီဇာတ်ကောင်လေးကတော့ အခြားမဟုတ်ဘဲ ၂၀၁၅ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဝင်္ကပါစံအိမ်ဇာတ်လမ်းတွဲထဲက အစေလို့ခေါ်ကြတဲ့ စောကလျာဇာတ်ရုပ်လေးပဲဖြစ်ပါတယ်။

အဲ့ဒီဇာတ်ရုပ်လေးဟာ ပရိတ်သတ်တွေကို ဆောင်းဝတ်ရည်မေဆိုတဲ့နာမည်လေးနဲ့စတင်ရင်းနှီးလာစေတဲ့ ဇာတ်ရုပ်လေးဖြစ်သလို အောင်မြင်မှုမှတ်တိုင်တစ်ခုလဲဖြစ်ပါတယ်။

ပရိတ်သတ်တွေရော ဆောင်းဝဝ်ရည်မေ တုတုလေးကို ဘယ်ဇာတ်လမ်းတွဲမှာစတင်သိပြီး အားပေးခဲ့ကြတာလဲရှင့်။
Nana
Celepedia Myanmar