May 31, 2023

ဒီနေ့မှာ ရုတ်တရက်ကွယ်လွန်သွားတဲ့ တစ်ချိန်က နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲမော်ဒယ်၊ သရုပ်ဆောင်မိုင်းမိုင်


တစ်ချိန်က သီချင်းဗီဒီယိုတွေမှာ မပါမဖြစ်ဖြစ်ခဲ့ပြီး ညို့အားပြင်းတဲ့အကြည့်လေးတွေကြောင့် မိန်းကလေးတိုင်းကြွေခဲ့ရတဲ့ မင်းသားချောလေးမိုင်းမိုင်ကိုတော့ ပရိတ်သတ်တွေအားလုံးမှတ်မိကြဦးမယ်ထင်ပါတယ်။

May be an image of 1 person


မိုင်းမိုင်ဟာ အနုပညာလောကထဲကရော ပရိတ်သတ်တွေရဲ့မြင်ကွင်းကပါ ပျောက်ကွယ်နေခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ မထင်မှတ်ထားတဲ့ သတင်းဆိုးတစ်ခုနဲ့ ပရိတ်သတ်တွေကို ထိတ်လန့်စေခဲ့ပါတယ်။

May be an image of 4 people, people standing and text


တစ်ချိန်ကနာမည်ကျော် မော်ဒယ်၊ သရုပ်‌ဆောင်မိုင်းမိုင်ဟာ ဧပြီလ ၂၄ ရက်နေ့ ၂၀၂၂ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး မြစ်ကြီးနားမြို့မှာရှိတဲ့နေအိမ်မှာပဲ အိပ်ပျော်နေရာက ရုတ်တရက်ကွယ်လွန်ခဲ့တာပါ။

May be an image of 1 person, standing and indoor


ဇော်မိုင်အောင် (ခေါ်) မိုင်းမိုင်ကွယ်လွန်သွားကြောင်းကို နီးစပ်ရာအသိုင်းအဝိုင်းတွေက အတည်ပြုခဲ့ကြပြီး ခရစ်တော်မှာအိပ်ပျော်သွားကြောင်း ဆွေမျိုးနဲ့သူငယ်ချင်းတွေက ဝမ်းနည်းကြောင်းတွေတင်ခဲ့ကြတာပါ။ နေအိမ်မှာ ဈာပနပြင်ဆင်ထားတာကိုလဲ တွေ့ရပါတယ်။

May be an image of 1 person and indoor


မိုင်းမိုင်ဟာ အနုပညာလောကက အနားယူအပြီးမှာ မိသားစုနဲ့စီးပွားရေးလုပ်ငန်းတွေကိုသာ အချိန်ပေးနေတာဖြစ်ပြီး ကွယ်လွန်ချိန်မှာ ဇနီးသည်နဲ့ သားသမီးသုံးဦးကျန်ရစ်ခဲ့ပါတယ်။

May be an image of 2 people, child and indoor


Nana
Celepedia Myanmar

Leave a Reply

Your email address will not be published.