အကယ်ဒမီ စိုးပြည့်သဇင်ကတော့ဘမျက်ခုံးမျက်လုံးလှလှလေးတွေနဲ့ ကြည့်လိုက်တာနဲ့အေးချမ်းတည်ငြိမ်ပြီး ချစ်စရာကောင်းတဲ့အလှကို ပိုင်ဆိုင်ထားသလို စိတ်သဘောထားလဲကောင်းမွန်တာဖြစ်လို့ အနုပညာလောကထဲ ဝင်ရောက်လာကာစကတည်းက ပရိတ်သတ်တွေချစ်နေရတဲ့ မင်းသမီးလေးတစ်လက်ပါ။

အနုပညာလောကမှာ မျိုးရိုးနောက်ခံရှိတဲ့ စိုးပြည့်သဇင်ကတော့ အသက် ၁၃ နှစ်အရွယ်တည်းက အနုပညာလောကထဲရောက်ရှိခဲ့သူဖြစ်လို့ ပရိတ်သတ်တွေအနေနဲ့ သူ့ရဲ့ငယ်ဘဝပုံရိပ်လေးတွေနဲ့တော့ စိမ်းမှာမဟုတ်ပါဘူးနော်။

ဒီနေ့မှာတော့ စိုးပြည့်သဇင်က သူတင်မက သူ့မေမေနဲ့ဖေဖေတို့ရဲ့ ငယ်ဘဝဓာတ်ပုံလေးတွေကိုပါ ထုတ်ပြခဲ့ပြီး ပရိတ်သတ်တွေကို “ဖေဖေရယ်..မေမေရယ်…သမီးရယ်…ငယ်ငယ်ကပုံလေးတွေ….သမီးလေးကဘယ်သူနဲ့တူပါလိမ့်နော်….🥰” လို့ မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။


မိဘနှစ်ပါးရဲ့ငယ်ဘဝပုံလေးတွေကိုကြည့်လိုက်မယ်ဆိုရင်တော့ ဒီဘက်ခေတ်အနုပညာရှင်တွေထက်တောင် ချောမောလှပကြပြီး တစ်ဦးတည်းသောသမီးလေးဖြစ်တဲ့ စိုးပြည့်ကလဲ မိဘတွေဆီက အလှအပတွေကို အမွေဆက်ခံထားတာပဲဖြစ်ပါတယ်။

ပရိတ်သတ်တွေရော စိုးပြည့်သဇင်လေးက အမေတူသမီးလေးလို့ ထင်လား အဖေတူသမီးလေးလို့ ထင်ကြလား?
Nana
Celepedia Myanmar