May 31, 2023

ဇာတ်လမ်းတွဲတွေထဲက ဇာတ်ကောင်တွေနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ သူ့ရဲ့ပုံစံလေးကိုပြသလာတဲ့ ခွန်းနေကြည်ချို


ခွန်းနေကြည်ချိုကတော့ Forever Star ပြိုင်ပွဲကနေ MRTV4 ရဲ့သရုပ်ဆောင်တစ်ဦးဖြစ်ခဲ့သူဖြစ်ပြီး ချစ်ရပါသောနွေ ဇာတ်လမ်းတွဲလေးနဲ့ သရုပ်ဆောင်လောကထဲကို ရောက်ရှိခဲ့တဲ့ ဇာတ်လမ်းတွဲမင်းသမီးလေးတစ်ဦးဖြစ်ပါတယ်။

May be an image of 1 person and standing


မမှီဝဲနဲ့ကင်းအောင်နေဆိုတဲ့ ဇာတ်လမ်းတွဲလေးထုတ်လွှင့်အပြီးမှာတော့ ပရိတ်သတ်တွေပိုသိလာကြပြီး ယောက်ျားသားတစ်ဦးကို ချည်းကပ်မြူဆွယ်တတ်တဲ့ ကေသီဇာတ်ရုပ်နဲ့ ပရိတ်သတ်တွေရဲ့ရင်ထဲမှာ စွဲနေအောင် အောင်မြင်ခဲ့ပါတယ်။

May be a closeup of 1 person, standing and outdoors


မကြာသေးမီကထုတ်လွှင့်ခဲ့တဲ့ မကြေးစည်ဇာတ်လမ်းတွဲလေးမှာလဲ ဗီလိန်ဇာတ်ရုပ်နေရာကပါဝင်ခဲ့ပြီး သရုပ်ဆောင်ပီပြင်လွန်းတာကြောင့် ပရိတ်သတ်တွေက မျက်မုန်းကျိုးခြင်းခံရတဲ့အထိကို တော်ခဲ့တာပါ။

May be a closeup of 2 people, people standing and outdoors


ဇာတ်လမ်းတွဲတွေမှာတော့ ပရိတ်သတ်တွေမနှစ်မြို့တဲ့ဇာတ်ကောင်တွေကို အရဲစွန့်ပြီး အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့ပေမယ့် အပြင်မှာတော့ စကားပြောချိုသာပြီး ချစ်စရာကောင်းလွန်းတဲ့ ခွန်းနေကြည်ချိုဟာ သူ့ရဲ့ကလေးလေးလို ဖြူစင်တဲ့ပုံရိပ်လေးကို အခုလိုပြသလာပါတယ်။

May be a closeup of 1 person
May be a closeup of 1 person


ခွန်းနေကြည်ချိုရဲ့ facebook မှာတင်ထားတဲ့ ချစ်စရာဆံပင်ပုံစံလေးတွေနဲ့ ပုံလေးတွေကို ပရိတ်သတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

May be a closeup of 1 person
May be an image of 1 person, standing and book


နောက်ထပ်ဇာတ်လမ်းတွဲတွေမှာတော့ ချစ်စရာကောင်းပြီး ပရိတ်သတ်တွေဂရုဏာသက်စေမယ့် ပုံစံလေးနဲ့မြင်ချင်ပါတယ်နော်။
Nana
Celepedia Maynmar

Leave a Reply

Your email address will not be published.