မေမြတ်နိုးကတော့ အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲမှာကတည်းက ပရိတ်သတ်တွေနဲ့ စတင်ရင်းနှီးခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာတော့ Miss Asia Pacific ရဲ့သရဖူပိုင်ရှင်အဖြစ် မြန်မာ့ဂုဏ်ကိုဆောင်နိုင်ခဲ့သူပါ။

အဲ့ဒီနောက်ပိုင်းမှာတော့ မေမြတ်နိုးဟာ ကမ္ဘာ့မော်ဒယ်လောကကို တဖြည်းဖြည်းဝင်ဆန့်လာခဲ့ပြီး Asian Next Top Model ပြိုင်ပွဲမှာလဲ Top 4 အထိရောက်ခဲ့တဲ့အပြင် နာမည်ကျော်ကိုရီးယားမင်းသား Park Seo Joon နဲ့ ကြော်ညာအတူရိုက်ကူးရတဲ့အထိ အောင်မြင်လာခဲ့တာပါ။

အခုအခါမှာတော့ မေမြတ်နိုးဟာ လန်ဒန်အခြေစိုက် မော်ဒယ်အေဂျင်စီတစ်ခုနဲ့လက်တွဲလုပ်ကိုင်လျက်ရှိပြီး ကမ္ဘာ့အဆင့်မော်ဒယ်တစ်ဦးအနေနဲ့ အားလုံးနဲ့မစိမ်းတဲ့ နာမည်ကျော်အမှတ်တံဆိပ်တွေအတွက်လဲ မော်ဒယ်အဖြစ်လုပ်ကိုင်နေတာဖြစ်ပါတယ်။


မေမြတ်နိုးဟာ Adidas, ASOS, Romi Beauty Club နဲ့ ACCESSORIZE အစရှိတဲ့ ကမ္ဘာကျော်အဝတ်အထည်၊ မိတ်ကပ်ပစ္စည်းနဲ့ ဖက်ရှင်အသုံးအဆောင်တွေအတွက် ရိုက်ကူးပေးထားတဲ့ ဓာတ်ပုံလေးတွေကို သူ့ရဲ့ facebook မှာ ဝေမျှလာပါတယ်။


မေမြတ်နိုးရဲ့ ပုံလေးတွေကို အဆိုပါအမှတ်တံဆိပ်တွေရဲ့ website တွေမှာလဲ တွေ့မြင်နိုင်တာဖြစ်လို့ မြန်မာမော်ဒယ်တစ်ဦးအနေနဲ့တော့ ဂုဏ်ယူစရာပါပဲ။

မေမြတ်နိုးလဲ နိုင်ငံရပ်ခြားမှာဒီထက်ပိုအောင်မြင်လာရင်း မြန်မာ့မော်ဒယ်လောကဂုဏ်ကိုဆက်ဆောင်နိုင်ပါစေနော်။
Nana
Celepedia Myanmar