နန်းမြတ်ဖြိုးသင်းကတော့ ပရိတ်သတ်တွေနဲ့မစိမ်းတဲ့ အဆိုတော်၊ သရုပ်ဆောင်တစ်ဦးအဖြစ်ပြီး ဆရာဝန်မလေးတစ်ဦးလဲဖြစ်တာကြောင့် အနုပညာလောကထဲကိုစတင်ဝင်ရောက်လာချိန်ကတည်းက အခုကလေးနှစ်ဦးမိခင်ဖြစ်တဲ့အထိ ပရိတ်သတ်တွေရဲ့အားပေးမှုကိုရရှိထားသူပါ။

ခင်ပွန်းဖြစ်သူ ရုတ်တရက်ကွယ်လွန်သွားပြီးနောက်မှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ သားသမီးနှစ်ဦးနဲ့ကျန်ရစ်ခဲ့တာကြောင့် ပရိတ်သတ်တွေရဲ့ ဂရုဏာသက်မှုနဲ့အားပေးမှုတွေကို ရရှိခဲ့ပြီး အနုပညာအလုပ်တွေကို အဆက်မပြတ် ပြန်လည်လုပ်ကိုင်နေတာဖြစ်ပါတယ်။

ဒီနေ့မှာတော့ နန်းမြတ်ဖြိုးသင်းဟာ ခင်ပွန်းဖြစ်သူကိုတာတာမျိုးရဲ့ ကွယ်လွန်ခြင်း (၈) လပြည့်အနေနဲ့ သားသမီးနှစ်ဦးနဲ့အတူ ကောင်းမှုကုသိုလ်တွေပြုလုပ်ခဲ့ကြောင်း ပရိတ်သတ်တွေကို မျှဝေလာခဲ့ပါတယ်။

“ဒီနေ့ဂျက်နဲ့ဂျူးလေးရဲ့ဖေဖေ(၈)လပြည့်ပါပီ
ငါးလေးတွေလွှတ်တယ် ခိုစာကျွေးတယ် ငါးစာကျွေးတယ်
ပြုသမျှကုသိုလ်လဲအမျှဝေတယ်
ဂျက်လေးကိုလဲသင်ပေးဖြစ်တယ်
ကောင်းမှုအလှူတစ်ခုလုပ်ပီးတိုင်းဖေဖေ့ကိုအမျှဝရမယ်နော်လို့
ဂျက်လေးကတော့ဟုတ်ကဲ့တဲ့
ဂျက်နဲ့ဂျူးလေးဖေဖေကောင်းရာကိုရောက်နေမယ်လို့ယုံကြည်တယ်
ကျန်ခဲ့တဲ့လူကလဲကောင်းတဲ့အမှုတွေပဲလုပ်တယ်
ကြိုးစားပီးရုန်းကန်မယ်💪🏼” လို့တင်ထားခဲ့တာဖြစ်ပါတယ်။
လူမမယ် သားသမီးနှစ်ဦးနဲ့ကျန်ခဲ့ရပေမယ့် အခုလိုစိတ်ဓာတ်ခိုင်မာပြီး ဘဝကိုကောင်းမွန်စွာဖြတ်သန်းနေတဲ့ နန်းမြတ်ဖြိုးသင်းကိုမြင်ရင် ဂျက်ဂျက်နဲ့ ဂျူဂျူးတို့ရဲ့ဖေဖေလဲ တမလွန်ကနေ စိတ်ချနေမယ်ထင်ပါတ

Nana
Celepedia Myanmar