မော်ဒယ်၊ သရုပ်ဆောင် နန်းဆုရတီစိုးကတော့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာစဉ်ကတည်းက ဂျပန်မလေးလို ဖြူဖွေးနုဖတ်နေတဲ့အလှတရားလေးကိုပိုင်ဆိုင်ထားတာကြောင့် ပရိတ်သတ်တွေကြားမှာ ရေပန်းစားခဲ့တာပါ။

အခုနောက်ပိုင်းမှာလဲ အလှအပကိုပိုပြီး ဂရုတစိုက်ထိန်းသိမ်းလာတာနဲ့အညီ အရင်ကထက်တောင်ပိုပြီး ကျော့ရှင်းလှပလာတာကိုလဲတွေ့ရပါတယ်နော်။

နန်းဆုရတီစိုးဟာ အနုပညာလောကမှာကျင်လည်လာတာတင်ပဲအတော်ကြာပြီဖြစ်ပြီး အသက် ၃၄ နှစ်ရှိပြီဖြစ်ပေမယ့် မထင်မှတ်ရလောက်အောင်ကို အရွယ်တင်နုပျိုသူတစ်ဦးပါ။

ဒီနောက်ပိုင်းမှာတော့ နန်းဆုရတီစိုးဟာ မြန်မာဝတ်စုံလေးတွေနဲ့ အလှပုံလေးတွေကိုခပ်စိတ်စိတ်တင်လာပြီး အရင်ကထပ်ကိုယ်အလေးချိန်ပိုကျသွားပြီး သိသိသာသာ ချပ်ကပ်ပြီးလှနေတဲ့ကိုယ်လုံးလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

နန်းဆုရတီစိုးဟာ မကြာသေးခင်ကမှ သင်္ကြန်ကကြိုးဆိုတဲ့ ဇာတ်ကားလေးမှာပါဝင်သရုပ်ဆောင်ထားပြီး မကြာခင်မှာ မင်္ဂလာပွဲကျင်းပတော့မယ်လို့လဲ သတင်းတွေထွက်ရှိထားသူပါ။
Nana
Celepedia Myanmar