မော်ဒယ်၊ သရုပ်ဆောင်စည်သူဝင်းကတော့ နာမည်ကြီးဇာတ်လမ်းတွဲတွေမှာ ပါဝင်ရင်း သရုပ်ဆောင်ချက်တွေပိုင်နိုင်လွန်းတာကြောင့် အချိန်တိုအတွင်း လူကြီးလူငယ်ပရိတ်သတ်အားလုံးသိကြတဲ့မင်းသားတစ်လက်ဖြစ်လာတာပါ။

နှုတ်ခမ်းနီမလေးတွေ အသဲစွဲနှစ်သက်ကြတဲ့ အနုပညာရှင်တွေထဲမှာ အပါဝင်ဖြစ်တဲ့ စည်သူဝင်းဟာ သရုပ်ဆောင်ယွန်းယွန်းနဲ့ လူမှုရေးအရှုပ်အရှင်းတွေဖော်ထုတ်ခံခဲ့ရကာ ဝေဖန်ရှုံချမှုတွေများစွာရရှိခဲ့ပြီးနောက်မှာတော့ အွန်လိုင်းပေါ်ကနေပျောက်သွားခဲ့တာဖြစ်ပါတယ်။

ဒီတလောမှာတော့ စည်သူဝင်းက လူမှုကွန်ယက်ပေါ်မှာပြန်ပေါ်လာခဲ့ပြီး သင်္ကြန်တွင်းမှာ ကောင်းမှုကုသိုလ်တွေတစ်ရက်တစ်မျိုးပြုဖြစ်နေကြောင်း ပုံနှင့်တကွ မျှဝေလာတာဖြစ်ပါတယ်။

သင်္ကြန်အကြိုနေ့မှာတော့ မုန့်လုံးရေပေါ်တွေပြုလုပ်ကာ ဆွမ်းကပ်ကုသိုလ်ယူခဲ့ပြီး သူငယ်ချင်းတွေနဲ့လဲ စုပေါင်းကာ ဘုန်းကြီးကျောင်းမှာ ကုသိုလ်ပြုခဲ့ပါသေးပါတယ်။


နှစ်ဆန်းတစ်ရက်နေ့မှာတော့ ဘုရားရောင်တော်ဖွင့်ကုသိုလ်ယူခဲ့ပြီး ပရိတ်သတ်တွေကိုလဲ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးခဲ့ပါသေးတယ်။


စည်သူဝင်းကတော့ နှစ်သစ်ကိုကုသိုလ်ကောင်းမှုတွေနဲ့ စိတ်အေးချမ်းစွာစတင်ခဲ့ပြီး ပရိတ်သတ်တွေဆီကိုလဲ ပုံစံအသစ်နဲ့ပြန်လာတော့မယ်ထင်ပါတယ်။

Nana
Celepedia Myanmar