May 31, 2023

သူ့ကိုသူထူးစံဘယ်မှာလဲလို့ လာမေးနေကြသူတွေကို ဟာသလေးနှောပြီးဖြေရှင်းလာတဲ့ မေပန်းချီ


မေပန်းချီကတော့ ဗီဒီယိုဇာတ်ကားတွေခေတ်စားချိန်မှာ အနုပညာလောကထဲကိုဝင်ရောက်လာတဲ့မင်းသမီးတစ်လက်ဖြစ်ပြီး အခုချိန်မှာတော့ live sale တွေနဲ့လက်မလည်နိုင်အောင်အလုပ်များနေသူလေးဖြစ်ပါတယ်။

No description available.


ဟန်ဆောင်မှုကင်းတဲ့မေပန်းချီဟာ အပြောအဆိုလဲ ပွင့်ပွင့်လင်းလင်းရှိပြီး စကားကြွယ်တာကြောင့် ပရိတ်သတ်ရဲ့အားပေးမှုတွေကိုရရှိထားသူလဲဖြစ်ပါတယ်။

No photo description available.


မေပန်းချီဟာ အခုတလောမှာတော့ မင်းသားသူထူးစံရဲ့ဇနီးချောလေးဖြစ်တဲ့ ထိုက်ဆုဝင်းနဲ့ လူမှားပြီး သူထူးစံအကြောင်းကိုလာမေးတာ မကြာခဏကြုံနေတဲ့အကြောင်းကို အခုလိုပဲဖြေရှင်းလာတာဖြစ်ပါတယ်။

သေချာကြည့်လိုက်မှ ထိုက်ဆုဝင်းနဲ့ မေပန်းချီတို့နှစ်ဦးရဲ့ မျက်နှာလေးတွေကခပ်ဆင်ဆင်ရှိတာဖြစ်လို့ ပရိတ်သတ်တွေက လူမှားမယ်ဆိုရင်လဲမှားချင်စရာပါပဲနော်။

No description available.
May be an image of 1 person, standing and lake


အခုလိုဟာသလေးနဲ့ဖြေရှင်းလိုက်တဲ့အတွက် ပရိတ်သတ်တွေကတော့ မေပန်းချီကို သူထူးစံဘယ်မှာလံလို့ သွားထပ်မေးကြတော့မှာမဟုတ်ပါဘူး။


Nana
Celepedia Myanmar

Leave a Reply

Your email address will not be published.