September 25, 2023

ပရိတ်သတ်တွေကြားမှာ စိတ်ဝင်စားမှုမြင့်တက်နေတဲ့ ခေးဆက်သွင်ရဲ့ချစ်သူကောင်လေး


ခေးဆက်သွင်ကတော့ ဇာတ်လမ်းတွဲတွေနဲ့ ပရိတ်သတ်တွေကြားမှာ လူသိများလာတဲ့မင်းသမီးလေးတစ်လက်ဖြစ်ပြီး ဇာတ်ရုပ်မျိုးစုံကိုကောင်းမွန်စွာသရုပ်ဆောင်နိုင်တာကြောင့် လူကြီးလူငယ်ပရိတ်သတ်တွေအားလုံးရဲ့ အားပေးမှုတွေကို ရရှိထားတာလဲဖြစ်ပါတယ်။

No photo description available.


အခုချိန်မှာ အအောင်မြင်ဆုံးနဲ့ ပရိတ်သတ်အားပေးမှုအများဆုံး မင်းသမီးတွေထဲမှာအပါအဝင်ဖြစ်နေပြီဖြစ်တဲ့ ခေးဆက်သွင်ဟာ တည်ငြိမ်တဲ့ဟန်ပန်လေးနဲ့ ချစ်စရာမျက်နှာလေးကြောင့်လဲ ပရိတ်သတ်အချစ်တော်လေးဖြစ်နေတာပါ။

No photo description available.


အချစ်ရေးနဲ့ပတ်သက်ရင် အမြဲသိုသိပ်လေ့ရှိပြီး ချစ်သူရှိကြောင်းလဲ တစ်ခါမှမချပြဖူးတဲ့ ခေးဆက်သွင်ရဲ့ အချစ်ရေးကိုဒီတစ်ခါမှာတော့ ပရိတ်သတ်တွေက သိချင်နေကြပါတယ်။

No photo description available.


ခေးဆက်သွင်ဟာမကြာသေးခင်ကမှ ချစ်သူကောင်လေးနဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ ရိုမန့်တစ်ဆန်ဆန်ဒိတ်လုပ်နေတဲ့ပုံလေးကိုတင်ခဲ့တာကြောင့်ပါ။

No description available.


ဒီနေ့မှာလဲ ပရိတ်သတ်တွေကို နှစ်သစ်ဆုမွန်ကောင်းတောင်းထားတဲ့ပုံလေးမှာ ချစ်သူကောင်လေးရဲ့လက်ပုံ‌လေးပါဝင်နေတာကြောင့် ချစ်သူနဲ့အတူခရီးသွားနေတာဖြစ်မယ်လို့ ပရိတ်သတ်တွေက ခန့်မှန်းနေကြပါတယ်။

No description available.


ပရိတ်သတ်တွေကတော့ ခေးဆက်သွင်ကိုပိုင်ဆိုင်ရတဲ့ အမျိုးသားဟာ ဘယ်သူဖြစ်မလဲလို့ သိချင်နေကြပေမယ့် ခေးဆက်သွင်ကတော့ ချစ်သူရဲ့မျက်နှာကိုတောင်ချမပြသေးပါဘူး။

May be an image of 1 person, standing and grass


ခေးကိုချစ်တဲ့ပရိတ်သတ်တွေရော ခေးရဲ့ချစ်သူဟာ အနုပညာလောကထဲကမင်းသားတစ်လက်လို့ထင်လား၊ သာမာန်လူတစ်ဦးလို့ထင်လား?
Nana
Celepedia Myanmar

Leave a Reply

Your email address will not be published.