May 30, 2023

သင်္ကြန်တွင်း တရားစခန်းမှာဝေယျာဝစ္စကုသိုလ်ပြုရင်း ဖြတ်သန်းခဲ့တဲ့ ခင်ဝင့်ဝါ 

ပရိတ်သတ်အချစ်တော်လေး ခင်ဝင့်ဝါကတော့ ချစ်စရာကောင်းတဲ့မျက်နှာလေးကြောင့် လူငယ်ပရိတ်သတ်တွေရဲ့အားပေးမှုတွေကို တခဲနက်ရရှိထားရုံသာမက တည်ကြည်မှု၊ ရဲရင့်မှုနဲ့ ရပ်တည်ချကခိုင်မာမှုတွေကြောင့် လူကြီးတွေကပါ လေးစားအားပေးရတဲ့ အနုပညာရှင်လေးဖြစ်ပါတယ်။

No description available.
No description available.

ခင်ဝင့်ဝါကတော့ ဒီနှစ်သင်္ကြန်တွင်းကိုတော့ အပျော်အပါးတွေထက် ကုသိုလ်ကောင်းမှုနဲ့ ဘုရားတရားကိုအားစိုက်လုပ်ရင်း ဖြတ်သန်းခဲ့တဲ့ ကြည်နူးအေးချမ်းစရာပုံရိပ်လေးတွေကို ပရိတ်သတ်တွေအတွက် မျှဝေလာခဲ့ပါတယ်။

No description available.
No description available.

“ကောင်းမှုတစ်ခုနေ့စဉ်ပြု”
၉/၄/၂၂ မှစပြီး ယနေ့ အထိ ပြုပြုသမျှ ကုသိုလ် အာရုံဆွမ်း / နေ့ဆွမ်း / ဆွမ်းစားဆောင် ဆောက်ရန်အတွက် မြေနေရာ လှူဒါန်းရခြင်း နဲ့ ဝေယျာဝစ္စ ကုသိုလ် အစုစုတို့ကို မျှဝေ သာဓု ခေါ်ပါ​၏။ 🙏🏻
နှစ်သစ်နေ့ရက် မှ စလို့ (၇) ရက်သားသမီး အားလုံးမျှော်လင့်တဲ့ စစ်မှန်တဲ့ ပျော်ရွှင်စရာနေ့ရက်တွေ အလျင်အမြန်ဆုံးရရှိပါစေ🙏🏻
💛 Khin Wint Wah🌻” လို့ရေးတင်ထားခဲ့တာဖြစ်ပါတယ်။

No description available.
No description available.

မဖြီးလိမ်းမပြင်ဆင်ထားပေမယ့် ဘုရားရိပ်တရားရိပ်မှာ ကုသိုလ်ကောင်းမှုတွေပြုလုပ်နေတဲ့ အေးချမ်းမှုကြောင့် ကြည့်မဝချင်စရာလှနေတဲ့ ခင်ဝင့်ဝါရဲ့ပုံရိပ်လေးတွေကို ပရိတ်သတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။

No description available.

Nana
Celepedia Myanmar

Leave a Reply

Your email address will not be published.