December 4, 2023

သင်္ကြန်တွင်းမှာ ရေမဆော့ဘဲ ဘုရားရိပ်တရားရိပ်မှာ အေးချမ်းနေကြောင်းပြောပြခဲ့တဲ့ သံသာညီ

MRTV4 မင်းသမီးလေး သံသာညီကတော့ နွေလယ်ညရဲ့လမင်း ဇာတ်လမ်းတွဲထဲမှာ ဖူးဝေလေးအဖြစ် ပရိတ်သတ်တွေစတင်သတိထားမိခဲ့တာဖြစ်ပြီး သရုပ်ဆောင်သစ်တွေထဲမှာ ပရိတ်သတ်အားပေးမှုအများဆုံးရရှိထားတဲ့ မင်းသမီးလေးတစ်လက်ပါ။

အပြုံးချိုချိုလေးနဲ့ သွားထပ်လေးကြောင့် ချစ်စရာကောင်းလွန်းတဲ့ သံသာညီဟာ မကြာခင်မှာထုတ်လွှင့်ပြသတော့မယ့် သရဖူဇာတ်လမ်းတွဲမှာလဲ ပါဝင်သရုပ်ဆောင်ထားတာဖြစ်တဲ့အတွက် ပရိတ်သတ်တွေမကြာခင်မှာ တွေ့မြင်ရဦးမှာလဲဖြစ်ပါတယ်နော်။

ချစ်စရာ၊ အသည်းယားစရာကောင်းလွန်းတဲ့ပုံလေးတွေကို ပရိတ်သတ်တွေကြည့်ရအောင် အမြဲတင်ပေးလေးရှိတဲ့ သံသာညီဟာ ဒီတစ်ခေါက်မှာတော့ သင်္ကြန်ကို ရေမဆော့ဘဲ ဘုရားသွားပြီးကုသိုလ်ယူဖြစ်ကြောင်းကို ပြောပြလာပါတယ်။

ဘုရားရိပ်တရားရိပ်မှာ အေးချမ်းနေတဲ့ သံသာညီလေးရဲ့ မြန်မာဖက်ရှင်နဲ့ ပုံရိပ်လေးတွေကို သံသာညီချစ်တဲ့ ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

Nana
Celepedia Myanmar

Leave a Reply

Your email address will not be published.