ခိုင်သင်းကြည်ဟာ အနုပညာသက်တမ်းတစ်လျှောက်မှာ သွက်သွက်လက်လက်နဲ့ ပရိတ်သတ်ချစ်အောင်လဲ သရုပ်ဆောင်တတ်သလို၊အိမ်ထောင်ရေး လူမှုရေးပြစ်ချက်မရှိတာကြောင့် အားပေးမှုတွေနဲ့သာ ကြုံတွေ့လာရသူတစ်ဦးပါ။

မင်းသမီးအဖြစ်လဲ နှစ်ပေါင်းများစွာအောင်မြင်မှုကို ထိန်းသိမ်းထားနိုင်သလို ခိုင်သင်းကြည်ဟာ သာယာတဲ့မိသားစုဘဝလေးကိုလဲ ပိုင်ဆိုင်ထားသူဖြစ်ပြီး သူတို့မိသားစုရဲ့ ပျော်စရာပုံရိပ်တွေကိုလဲ အမြဲဝေမျှပေးလေ့ရှိပါတယ်။

ဒီနှစ်သင်္ကြန်မှာတော့ ခိုင်သင်းကြည်တို့မိသားစုဟာ ခါတိုင်းနှစ်တွေလို အပျော်ခရီးမထွက်ဖြစ်တာကြောင့် ရန်ကုန်မြို့ထဲမှာပဲ အနားယူနေကြတာဖြစ်ပြီး ဒီနေ့မနက်မှာတော့ ခင်ပွန်းဖြစ်သူနဲ့အတူ ယောဂလေ့ကျင့်နေတဲ့ပုံလေးတွေကို တင်ပေးလာခဲ့ပြီး ပျော့ပြောင်းတဲ့ခန္ဓာကိုယ်အလှကို ဝေမျှခဲ့ပါတယ်။


ခိုင်သင်းကြည်တို့စုံတွဲကတော့ နှစ်ဦးလုံးအသက် ၅၀ ရှိပြီဖြစ်တာကြောင့် ဒီလိုခက်ခဲတဲ့လေ့ကျင့်ခန်းတွေလုပ်နိုင်တဲ့အထိ ပျော့ပြောင်းနေကြတာ အံ့အားသင့်စရာပါပဲနော်။

ဒီလိုကျန်းမာရေးလိုက်စားပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ကြတာကြောင့်ပဲ ဇနီးမောင်နှံနှစ်ဦးလုံး အရွယ်နဲ့မလိုက်အောင် နုပျိုလန်းဆန်းနေကြတာဖြစ်ပါလိမ့်မယ်နော်။

Nana
Celepedia Myanmar