February 5, 2023

သူ့ကိုချစ်ကြတဲ့ကိုကိုမမတွေကို လိမ်လိမ်မာမာနဲ့ ဖုန်းထဲကနေပဲရေပက်ဖြန်းလိုက်တဲ့ သင်္ကြန်မယ်လေး ထရက်ရှာ 

အဆိုတော်စန္ဒီမြင့်လွင်ရဲ့ သမီးချောလေး ထရက်ရှာ (ခေါ်) ခင်လင်းထက်ကတော့ ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ အသဲယားစရာအပြုအမူလေးတွေကြောင့် ပရိတ်သတ်တွေ အသဲစွဲချစ်ခင်နေရတာပါ။

အရွယ်နဲ့မလိုက်အောင်တတ်လွန်းပြီး စကားကိုလဲ လည်ဝယ်ချက်ချာစွာပြောတတ်တဲ့ ထရက်ရှာလေးဟာ အခုဆိုရင်တော့ မေမေ့ထက်တောင် ပရိတ်သတ်အခိုင်အမာရရှိနေပါပြီ။

ဒီနှစ်သင်္ကြန်ကိုတော့ ထရက်ရှာလေးက အပြင်မှာရေထွက်မကစားဘဲ လိမ်လိမ်မာမာနဲ့ အိမ်အောက်မှာပဲ အလှဓာတ်ပုံလေးရိုက်ကူးကာ သူလေးကိုချစ်ကြသူတွေကိုလဲ ဖုန်းထဲကနေပဲ ရေလှမ်းပက်လိုက်ပြီဖြစ်ကြောင်း မေမေစန္ဒီမြင့်လွင်ရဲ့ Facebook ပေါ်မှာ တင်ထားခဲ့ပါတယ်။

“သင်္ကြန် အကြိုနေ့ အိမ်ကနေပဲဖလားလေးနဲ့ရေပတ်လိုက်ပါပီရှန် 🥰🥰🥰 ထရက်ရှာ့တို့မိသားစု ကိုချစ်ပေးကြတဲ့အယောက်စီတိုင်းအားလုံးကို ဖုန်းထဲကနေရေပတ်လိုက်ပီရှင့်💦💦💦💦💦💦💦💦💦💦💦” ဆိုတဲ့ စာလေးနဲ့အတူ ထရက်ရှာလေးရဲ့ အဝါရောင်ဖက်ရှင်လေးနဲ့ ချစ်မဝစရာ ဓာတ်ပုံလေးတွေကို တင်ထားတာပါ။

ထရက်ရှာလေးကို ချစ်ကြတဲ့ ကိုကို၊ မမ၊ ဦးဦး၊ ဒေါ်ဒေါ်တွေအားလုံးလဲ ထရက်ရှာလေးပက်ဖြန်းလိုက်တဲ့ သင်္ကြန်ရေနဲ့ လန်းဆန်းအေးမြသွားရအောင် ပြန်လည်မျှဝေလိုက်ပါတယ်နော်။

Nana
Celepedia Myanmar

Leave a Reply

Your email address will not be published.