December 4, 2022

ကွယ်လွန်သွားတဲ့ ဖခင်ကြီးကို တမ်းတလွမ်းဆွေးနေရင်း ကတိတစ်ခုပေးလိုက်တဲ့ မင်းခန့်ကို မင်းခန့်ညီတို့ အမြွာညီအစ်ကို 

မင်းခန့်ကိုနဲ့ မင်းခန့်ညီတို့ အမြွာညီအစ်ကိုနှစ်ဦးကတော့ Facebook ပေါ်မှာ ဗီဒီယိုအတိုလေးတွေရိုက်ကူးရင်း လူသိများလာခဲ့ပြီး သရုပ်ဆောင်လောကထဲကိုပါ တဖြည်းဖြည်းရောက်ရှိလာကြသူတွေဖြစ်ပါတယ်။ မိန်းမငယ်လေးတွေ အားပေးနှစ်သက်ကြတဲ့ ဆယ်လီတွေလဲဖြစ်ပါတယ်။

သူတို့ရဲ့ဖခင်ကြီး ဦးဝင်းလှိုင်ကတော့ ဧပြီလ (၅) ရက်နေ့မှာပဲ ကွယ်လွန်တိမ်းပါးသွားတာဖြစ်ပါတယ်။ ဧပြီလ (၇) ရက်နေ့မှာတော့ သူတို့ရဲ့ဖခင်ကြီးရဲ့ ဈာပနအခမ်းအနားဖြစ်ပြီး မိသားစုလိုက် ဖခင်ကြီးရဲ့နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

အစ်ကိုကြီးဖြစ်တဲ့ မင်းခန့်ကိုကတော့ ဖခင်ဖြစ်သူရဲ့နောက်ဆုံးဈာပနခရီးမှာ ရိုက်ကူးထားတဲ့ ဖခင်ရဲ့နောက်ဆုံးဓာတ်ပုံလေးတွေကို ဝေမျှလာရင်း ဖခင်ကြီးကိုစိတ်ဖြောင့်ဖြောင့်သွားဖို့ ကတိတစ်ခုပေးလိုက်ပါတယ်။

“အိပ်နေတဲ့ အတိုင်းပဲ ဖေဖေရယ် …😞😣

ဖေဖေ ကောင်းရာမွန်ရာ ရောက်ပါစေ ဖေဖေ 🥀😞🙏🏻

သားတို့ မောင်နှမ သုံးယောက်ကို စိတ်ချပါ 😞

မေမေ နဲ့ ညီမလေးကို သားတို့ညီအစ်ကို စောင့်ရှောက်ပါ့

မယ် … စိတ်ချပါ ဖေဖေ 🥀🙏🏻😞😞😞😞”

အမြွာညီအစ်ကိုနှစ်ဦးရဲ့ဆုံးရှံးမှုအတွက် ပရိတ်သတ်တွေကလဲ ထပ်တူကြေကွဲဝမ်းနည်းနေကြပြီး စိတ်မကောင်းကြောင်းမှတ်ချက်တွေလဲ ရေးသားခဲ့ကြပါတယ်။

မင်းခန့်ကိုနဲ့ မင်းခန့်ညီတို့ရဲ့ဖခင်ကြီးလဲ ကောင်းရာဘုံဘဝမှာ ရောက်ရှိစံစားနိုင်ပါစေနော်။

Nana
Celepedia Myanmar

Leave a Reply

Your email address will not be published.