September 28, 2022

 ရတနာလုပ်ငန်း စတင်လုပ်ကိုင်ချိန်မှာတင် ဝက်ဝက်ကွဲရောင်းရပြီး ငွေဝင်ကြမ်းပုံကို ပြောပြခဲ့တဲ့ ဘေဘီမောင်

ဘေဘီမောင်ကတော့ ဗီဒီယိုဇာတ်ကားတွေ၊ ဓာတ်ပုံတွေကတစ်ဆင့်ပရိတ်သတ်တွေနဲ့ စတင်ရင်းနှီးလာတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပြီး နောက်ပိုင်းမှာတော့ လူမှုကွန်ယက်တွေမှာ စကားကိုပွင့်ပွင့်လင်းလင်းပြောတတ်ပြီး စီးပွါးရှာတော်သူတစ်ဦးလို့ လူသိများလာတာဖြစ်ပါတယ်။

ဘေဘီမောင်ကတော့ အခုချိန်မှာ အဆိုတော်သားဂန်းနဲ့ ချစ်သူသက်တမ်း (၃) နှစ်အကြာမှာ လက်ထပ်ခဲ့တာဖြစ်ပြီး သားဦးကိုယ်ဝန်ကိုလဲ လွယ်ထားရပါပြီ။

ဘေဘီမောင်ကတော့ ဗိုက်ထဲကဘေဘီလေးကိုကိုယ်ဝန်စရှိမှ စီးပွါးတွေတက်လာကြောင်း ပြောပြခဲ့ပြီး ကလေးရဲ့ကုသိုလ်ကံကြောင့် ရတနာဆိုင်ပါဖွင့်လှစ်နိုင်ခဲ့ကြောင်းလဲ ပြောပြခဲ့ပါသေးတယ်။ အစိမ်းသက်သက်စီးပွါးရေးလုပ်ငန်းဖြစ်ပေမယ့် အလွန်အောင်မြင်ခဲ့ပါတယ်။

အထည်တွေရောင်းချနေရာကနေ ရတနာတွေပြောင်းရောင်းခဲ့ရတဲ့ ဘေဘီမောင်ကတော့ live တစ်ခါတည်းလွှင့်ပြီးရုံနဲ့ ပစ္စည်းလေးတွေအကုန်ရောင်းခဲ့ရပါတယ်တဲ့။ ဒါ့အပြင် လုပ်ငန်းအစမှာတင် ရရှိခဲ့တဲ့ ငွေထုပ်ကြီးကိုလဲ ဓာတ်ပုံနှင့်တကွ ပရိတ်သတ်တွေကို ပြသလာခဲ့ပါသေးတယ်။

စီးပွါးရှာတော်လွန်းတဲ့ဘေဘီမောင်တစ်ယောက် နောက်လဲဈေးတွေအများကြီးရောင်းရပြီး ဘေဘီလေးကိုလဲ ချောချောမောမောမွေးဖွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Nana
Celepedia Myanmar

Leave a Reply

Your email address will not be published.