December 4, 2022

အနုပညာအလုပ်တွေနဲ့ ပုံမှန်နေ့ရက်တွေကို အရမ်းလွမ်းနေပြီဖြစ်ကြောင်း ရင်ဖွင့်ခဲ့တဲ့ အလင်းရောင် 

အလင်းရောင်ကတော့ မျက်နှာချိုချိုလေးနဲ့ ချောမောလွန်းတာကြောင့် နှုတ်ခမ်းနီမလေးတွေ အားအပေးရဆုံးမင်းသားတစ်လက်ပါ။ ကြော်ငြာတွေကတစ်ဆင့် ပရိတ်သတ်တွေရဲ့အားပေးမှုကိုရရှိလာတာဖြစ်ပြီး နောက်ပိုင်းမှာဆိုရင်တော့ ရုပ်ရှင်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်လာပြီး အသိအမှတ်ပြုမှုရရှိလာတာဖြစ်ပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်းမှာလဲ ပြည်သူတွေနဲ့တသားတည်းရဲရဲဝံ့ဝံ့ရပ်တည်ခဲ့ပြီး ပရိတ်သတ်ရဲ့ချစ်ခင်မှုကိုအရင်ကထက်တောင် ပိုပြီးရရှိခဲ့တာဖြစ်တဲ့အတွက် ပုဒ်မ ၅၀၅ (က) နဲ့ ဝရမ်းထုတ်ခံခဲ့ရပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ၊

အခုချိန်ထိလဲ လုပ်ဖော်ကိုင်ဖက်အနုပညာရှင်တွေ ဘာမှမဖြစ်ခဲ့သလို အနုပညာအလုပ်တွေ ရယ်ရယ်မောမော ပြန်လုပ်နေချိန်မှာ အလင်းရောင်တစ်ယောက်ကတော့ အိမ်နဲ့ရော၊ သူမြတ်နိုးတဲ့အနုပညာအလုပ်တွေနဲ့ရော ဝေးကွာနေဆဲဖြစ်ပါတယ်။
အခုချိန်ထိလဲ လုပ်ဖော်ကိုင်ဖက်အနုပညာရှင်တွေ ဘာမှမဖြစ်ခဲ့သလို အနုပညာအလုပ်တွေ ရယ်ရယ်မောမော ပြန်လုပ်နေချိန်မှာ အလင်းရောင်တစ်ယောက်ကတော့ အိမ်နဲ့ရော၊ သူမြတ်နိုးတဲ့အနုပညာအလုပ်တွေနဲ့ရော ဝေးကွာနေဆဲဖြစ်ပါတယ်။

ဒါကြောင့် နာမည်ကျော်မင်းသားအလင်းရောင်ဟာ သူ့ရဲ့မင်းသားဘဝနဲ့ ဖြတ်သန်းခဲ့ရတဲ့နေ့ရက်တွေကို လွမ်းနေမိကြောင်းကို ပရိတ်သတ်တွေရင်ထဲကို ထိမှန်စေတဲ့ စာလေးကိုတင်ခဲ့ပါတယ်။

“လွမ်းတယ် …

မနက်မိုးလင်းတာနဲ့ အိပ်ချင်မူးတူးနဲ့ ရှုတင်ထသွားရတာ လွမ်းတယ်။
5 4 3 2 1 အက်ရှင်ဆိုတဲ့ အသံကို လွမ်းတယ်။
မျက်စိစူးမတတ် မီးရောင်တွေကို လွမ်းတယ်။
ကင်မရာ shutter ပိတ်သံ တချပ်ချပ်ကို လွမ်းတယ်။
မော်နီတာကနေ မျက်မှောင်ကြုံ့ကြည့်တဲ့ ဒါရိုက်တာကိုလဲ လွမ်းတယ်။
ကိုယ် မရိုက်ရသေးခင် ခိုးအိပ်ရတာကို လွမ်းတယ်။
မင်းသား ဘာစားချင်လဲဆိုတဲ့ ရှုတင်မန်နေဂျာကြီး အသံကို လွမ်းတယ်။
အမြဲတမ်း မိသားစုလို ဖော်ဖော်ရွေရွေ ဆက်ဆံပေးကြတဲ့ စက်အဖွဲ့သားတွေအားလုံးကိုလဲ လွမ်းတယ်။
ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေ အကုန် အလုပ်
ပြန်လည်ပတ်နေကြတာမြင်တော့
ဆယ်စုနှစ်တစ်ခုစာ အသားကျခဲ့တဲ့ ကျနော့်ဘဝကို လွမ်းတယ်။
ဒီအိပ်မက်တွေ ပြန်မက်ခွင့်ရှိဦးမှာလား?
သမားရိုးကျလောကကြီးကနေ ပျောက်ကွယ်နေရတဲ့ ကျနော့်ကို မေ့လျော့သွားကြပြီလား?
ကျနော်ကတော့ သိပ်သတိရတယ်။
အတိတ်ကနေ့ရက်တွေဆီ
အခွင့်ရှိခဲ့သေးလျှင်………………” လို့ရေးသားခဲ့တာပါ။

ပရိတ်သတ်တွေလဲ အလင်းရောင်ရဲ့စာလေးကိုဖတ်ပြီး ရင်ထဲမှာ ခံစားရမယ်လို့ထင်ပါတယ်နော်။ အလင်းရောင်ရဲ့မျှော်လင့်ချက်တွေ အားလုံးပြည့်ဝပြီး အရင်လိုပျော်ရွှင်တက်ကြွတဲ့ဘဝကို အမြန်ဆုံးပြန်လည်ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Nana
Celepedia Myanmar

Leave a Reply

Your email address will not be published.