November 29, 2022

နွေဦးကံ့ကော်တွေနဲ့အပြိုင် ရင်အေးစရာအလှနဲ့ ခမ်းနားတင့်တယ်နေတဲ့ ရွှေသမီးရဲ့ ကျက်သရေရှိတဲ့ပုံရိပ်များ 

ရွှေသမီးကတော့ ပရိတ်သတ်အချစ်တော်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေမှာ ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံးသရုပ်ဆောင်နိုင်တဲ့ မင်းသမီးလေးတစ်ဦးပါနော်။ ချည် ရုပ်ရှင်ကားကြီးမှာလဲ အကယ်ဒမီဆန်ကာတင်စာရင်းဝင်ခဲ့တဲ့အထိကို သရုပ်ဆောငိတော်သူလေးဖြစ်ပါတယ်နော်။

နာမည်ရလာတဲ့ မင်းသမီးတစ်လက်ဖြစ်ပေမယ့် မာန်မာနမရှိ ပကာသနမရှိ ရိုးရိုးရှင်းရှင်းနေတတ်ပြီး အရှိကိုအရှိတိုင်း ပြောဆိုနေထိုင်တတ်တာကြောင့် ပရိတ်သတ်တွေအားပေးရတဲ့ ရွှေသမီးဟာ ဘိုဆန်ဆန်မျက်နှာကျလေးနဲ့ မျက်လုံးမျက်ခုံး၊ အသားအရည်ကအစ အပြစ်ပြောစရာမရှိအောင်လှပသူလေးပါ။

ဒါ့အပြင်ဒီကာလမှာလဲ ပရိတ်သတ်တွေနဲ့တသားတည်း ရပ်တည်ပေးခဲ့ပြီး ဘဝတွေပေးဆပ်ခဲ့ရသူတွေကို ကိုယ်ချင်းစာကာ အချိန်တော်တော်ကြာကြာအထိ အနုပညာအလုပ်တွေရပ်နားထားသလို Facebook ပေါ်မှာလဲ အပျော်အပါးအလှအပပုံတွေမတင်ခဲ့သူလေးတစ်ဦးဖြစ်ပါတယ်။

ပြီးခဲ့တဲ့မတ်လ (၁၀) ရက်နေ့ကတော့ ရွှေသမီးဟာ တစ်နှစ်ကျော်အတွင်းမှာပထမဆုံးအကြိမ်အဖြစ် ဓာတ်ပုံရိုက်ကွင်းကပုံလေးတွေကိုတင်ခဲ့ပြီး မဟာဆန်ဆန်ထိုင်မသိမ်းလေးနဲ့ ကံ့ကော်ပန်းတွေကို အမြတ်တနိုးပန်ဆင်ကာ ကြည့်မဝအောင် နန်းဆန်ဆန်လှနေတာပဲဖြစ်ပါတယ်။

မြင်သူတကာ ရင်ထဲအေးချမ်းသွားအောင် ကျက်သရေရှိရှိ လှလွန်းတဲ့ မြန်မာမလေးရွှေသမီးရဲ့ပုံလေးတွေကို ကူးယူဖော်ပြပေးလိုက်ပါတယ်နော်။

ပရိတ်သတ်တွေရော ဖြူစင်လှပတာချင်းတူကြတဲ့ကံ့ကော်ပန်းလေးတွေနဲ့ ရွှေသမီးမှာ ဘယ်သူကပိုလှတယ်လို့ ထင်ကြလဲ?

Nana
Celepedia Myanmar

Leave a Reply

Your email address will not be published.