December 4, 2022

ကိုယ်ဝန်ရနေပြီဆိုတာဟာ ပရိတ်သတ်တွေကိုစနောက်လိုက်တာလို့ဆိုခဲ့တဲ့ နေထူးနိုင်နဲ့ မြသင်းခြယ်တို့စုံတွဲ 

နာမည်ကျော်သရုပ်ဆောင်တွေဖြစ်ကြတဲ့ နေထူးနိုင်နဲ့ မြသင်းခြယ်တို့စုံတွဲကတော့ အနုပညာအလုပ်တွေကိုလဲ အတူတူလုပ်ရင်းစုံဖက်ခဲ့ကြတာဖြစ်ပြီး အခုချိန်ထိလဲ အနုပညာမလုပ်တွေရောပရဟိတအလုပ်တွေကိုပါ တက်ညီလက်ညီလုပ်နေကြတာဖြစ်လို့ အားကျစရာ အနုပညာစုံတွဲလေးတစ်တွဲဖြစ်နေကြတာပါ။

မကြာသေးခင်ကတော့ မြသင်းခြယ်ဟာ ဆီးစစ်တံပုံလေးကို Facebook ပေါ်မှာတင်ခဲ့ပြီး ရင်ခုန်နေပြီလို့ရေးသားခဲ့တာကြောင့် ပရိတ်သတ်တွေဟာ သူတို့နှစ်ဦးမှာ နောက်ထပ်
ရင်သွေးလေးရှိနေပြီလို့ထင်ပြီး ဂုဏ်ပြုစကားတွေပြောကြားခဲ့ကြပါတယ်။

ဒါပေမယ့် အဲ့ဒါဟာ အမှန်တရားမဟုတ်ဘဲပရိတ်သတ်တွေကို April Fool အနေနဲ့ စနောက်လိုက်တာဖြစ်ကြောင်း ပရိတ်သတ်တွေကို အခုလိုပဲဖြေရှင်းလာပါတယ်နော်။

“တကယ်တော့ချစ်ရတဲ့သူတွေကိုပျော်စေချင်လို့ စနောက်တာပါ
မားခြယ် နောက်ကလေးယူလို့မရတော့ပါဘူး
တကယ်ယုံတဲ့သူတွေကိုအားနာသလို နောက်မှန်းသိတဲ့သူတွေ
ပြုံးသွားတယ်ဆိုရင်ကျေနပ်ပါတယ်

မားခြယ်မှာနောက်ဆုံးအချစ်လေးဖောင်းတုတ်ကရှိနေပြီးသားပါနောက်ထက်ဆိုတာမရှိတော့ပါဘူး လို့”

နေထူးနိုင်တို့မိသားစုလေးကို ချစ်ခင်ကြတဲ့ ပရိတ်သတ်တွေအတွက် သူတို့ရဲ့ဖြေရှင်းချက်လေးကို ပြန်လည်မျှဝေလိုက်ပါတယ်နော်။

Nana
Celepedia Myanmar

Leave a Reply

Your email address will not be published.