မင်းသားချောနက္ခတ်ကတော့ MRTV4 ဇာတ်လမ်းတွဲတွေမှာ ဇာတ်ရုပ်အမျိုးမျိုးနဲ့ ပါဝင်သရုပ်ဆောင်ရင်း ပရိတ်သတ်အားပေးမှုကိုရရှိထားသူတစ်ဦးပါ။ ကျွန်တော်အမုန်းဆုံးကျွန်တော် ဇာတ်လမ်းတွဲနဲ့ လူသိအများဆုံးမင်းသားဖြစ်ပြီး သရုပ်ဆောင်ကောင်းတာကြောင့် လူကြီး၊ လူငယ်ပရိတ်သတ်တွေရဲ့ အားပေးမှုများစွာရရှိထားသူတစ်ဦးလဲဖြစ်ပါတယ်။

နက္ခတ်ဟာ ၂၀၂၁ ခုနှစ်ကမှဇနီးဖြစ်သူနဲ့ လက်ထပ်ထားတာ လေးနှစ်ကျော်ကြာပြီဖြစ်ကြောင်း ပရိတ်သတ်တွေကို အသိပေးပြီး တရားဝင်လက်ထပ်ခဲ့ပါတယ်။

အခုချိန်မှာတော့ အက္ခရာသွန်းခြယ်ဆိုတဲ့ သမီးလေးတစ်ဦးနဲ့ သာယာတဲ့မိသားစုဘဝလေးပိုင်ဆိုင်ထားပြီဖြစ်တဲ့ နက္ခတ်ဟာ သူ့ရဲ့မိသားစုအပေါ် ချစ်ခင်မြတ်နိုးကြောင်းတွေကိုလဲ အမြဲလိုလိုချပြလေ့ရှိသူတစ်ဦးပါ။
ဒီတစ်ခေါက်မှာတော့ ဆင်တူဝတ်စုံလေးတွေနဲ့ လိုက်ဖက်ညီစွာ ကြည့်ရတာစိတ်ချမ်းသာစရာကောင်းတဲ့ သူတို့မိသားစုရဲ့ချစ်စရာဓာတ်ပုံလေးတွေကို “🎶🎶အေးအတူ ပူအမျှ တို့ဘဝလေးရယ်🎶🎶” လို့ ဝေမျှလာခဲ့ပါတယ်။
ချစ်စရာကောင်းပြီး အားကျစရာကောင်းတဲ့ နက္ခတ်တို့ရဲ့ မိသားစုဓာတ်ပုံလေးတွေကို ပရိတ်သတ်များလဲ ကြည်နူးမှုတွေကူးစက်ရအောင် မျှဝေပေးလိုက်ပါတယ်နော်။
Nana
Celepedia Myanmar