December 4, 2023

မနှစ်ကတည်းက အိမ်ထောင်ပြုခဲ့တာဖြစ်ကြောင်း ပရိတ်သတ်တွေကိုပုံနှင့်တကွအသိပေးလာတဲ့ သီရိရှင်းသန့် 

ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ သီရိရှင်းသန့်ကိုတော့ ပရိတ်သတ်တွေ မမေ့ကြသေးဘူးထင်ပါတယ်နော်။ စကားသံဝဲဝဲလေးနဲ့ ဗီဒီယိုကားတွေအပြင် ကြော်ငြာ၊ မဂ္ဂဇင်းတွေမှာလဲ တွေ့ခဲ့ရသူဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး သီရိရှင်းသန့်ဟာ ဖန်သားပြင်ပေါ်မှာသိပ်မမြင်ရတော့ပေမယ့် တရုတ်ဇာတ်လမ်းတွဲတွေမှာ မြန်မာနောက်ခံစကားပြောတဲ့အလုပ်ကို လုပ်ကိုင်လျက်ရှိတာလဲဖြစ်ပါတယ်။

သီရိရှင်းသန့်ကတော့ ကိုဗစ်ကာလမှာ အွန်လိုင်းကတွေ့ဆုံခဲ့တဲ့ ချစ်သူရှိကြောင်းပရိတ်သတ်တွေကို ကိုယ်တိုင်ချပြခဲ့သူဖြစ်ပြီး လက်ထပ်ဖို့အစီအစဉ်ရှိကြောင်းလဲ ပြောပြထားသူတစ်ဦးပါ။

ဒီနေ့မှာတော့သီရိရှင်းသန့်ဟာ သူ့ရဲ့ချစ်သူနဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့ကတည်းက မင်္ဂလာပွဲကျင်းပခဲ့တာဖြစ်ကြောင်း ပုံလေးတွေနဲ့ချပြခဲ့ပါတယ်။ ဘုရားရှိခိုးကျောင်းမှာ လက်ထပ်ထိမ်းမြားခဲ့ပြီး မိသားစုမိတ်ဆွေတွေနဲ့ အခမ်းအနားကျင်းပခဲ့ပုံလေးတွေကို တင်ထားတာပါ။

၁၁.၁၁.၂၁ မှာ ကျင်းပခဲ့တဲ့ သီရိရဲ့ စိတ်ကူးအိပ်မက်ထဲက မင်္ဂလာပွဲလေးကို ဖြစ်မြောက်အောင်အကောင်အထည်ဖော်ပေးကြသူများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့် ….. 🥰🙏

နိုင်ငံရေးနှင့် ရောဂါအခြေအနေကြား မင်္ဂလာပွဲသို့ မဖြစ်မနေ တက်ရောက်ချီးမြှင့်ပေးပါသော နှစ်ဖက်မိဘဆွေမျိုးများနှင့်ချစ်သူခင်သူသူငယ်ချင်းမိတ်ဆွေများ ၊ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့် …. 🙏

အခြေအနေအကြောင်းကြောင်းကြောင့် ချစ်ရတဲ့သူတွေ အများကြီး မဖိတ်နိုင်ခဲ့တဲ့အတွက်လဲ ဒီနေရာကနေ အနူးအညွှတ်တောင်းပန်ပါတယ်ရှင် …. 🙏

အကျဉ်းချုံ့လေးပဲ ကျင်းပလိုက်ရတဲ့အတွက် အခြေအနေပေးရင် ချစ်တဲ့သူများနှင့် ပျော်ပျော်ပါးပါး ပြန်လည်ကျင်းပလိုပါတယ် …. 🥰

သီရိရှင်းသန့်တစ်ယောက်လဲ ချစ်သူနဲ့ နှစ်တစ်ရာတိုင်ရွှေလက်တွဲပြီး ပျော်ရွှင်သာယာတဲ့အိမ်ထောင်လေး တည်ဆောက်နိုင်ပါစေနော်။

Nana
Celepedia Myanmar

Leave a Reply

Your email address will not be published.