မိုးယုစံကတော့ Miss ပြိုင်ပွဲတွေကနေ ပရိတ်သတ်တွေနဲ့စတင်ရင်းနှီးခဲ့တဲ့မင်းသမီးတစ်လက်ဖြစ်ပြီး ဗီဒီယိုကားတွေရုပ်ရှင်တွေမှာလဲ အောင်မြင်ခဲ့တဲ့ ပရိတ်သတ်အခိုင်အမာနဲ့မင်းသမီးတစ်လက်ပါ။

အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို မလုပ်ကိုင်တော့ဘဲ အနားယူနေတာဖြစ်ပေမယ့် ပရိတ်သတ်တွေကတော့ မမေ့မလျော့အားပေးနေကြဆဲပါ။ မိုးယုစံဟာ အခုချိန်မှာဆိုရင် သားနှစ်ယောက်ကို ထိန်းနေရတဲ့ မေမေဖြစ်နေပါပြီ။

တစ်ချိန်တုန်းက ကျော့ကျော့မော့မော့လေးနေခဲ့တဲ့ နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်ပေမယ့် အခုချိန်မှာ သားနှစ်ယောက်ရဲ့မေမေဖြစ်နေပြီဖြစ်တာကြောင့် နေရာလှလှလေးတွေရောက်ရင်တောင် ဓာတ်ပုံအေးဆေးမရိုက်နိုင်တော့ကြောင်းလဲ ပရိတ်သတ်တွေကို ပြောပြခဲ့ပါသေးတယ်။

ဒီတစ်ခေါက်မှာတော့ မိုးယုစံက မိန်းကလေးတွေ အပျိုဘဝကနေ အိမ်ထောင်ရှင်မတစ်ဦးဖြစ်လာတဲ့အချိန် ဘဝဖြတ်သန်းမှုအဆင့်ဆင့်မှာ စီးလေ့ရှိတဲ့ဖိနပ်တွေပါ အဆင့်ဆင့်ပြောင်းလဲလာတာကိုဖော်ပြထားတဲ့ meme ပုံလေးတစ်ခုကို share ပြီး သူ့အဖြစ်နဲ့တူနေကြောင်း ထောက်ခံခဲ့တာဖြစ်ပါတယ်။

မိုးယုစံလိုပဲ အခြားသောအိမ်ထောင်ရှင်အမျိုးသမီးတွေလဲ အတူတူပဲလား?
Nana
Celepedia Myanmar