မင်းသမီးချောလေးမေမြင့်မိုရ်ကတော့ ဇာတ်လမ်းတွဲတွေမှာသာမက ရုပ်ရှင်ပိတ်ကားထက်မှာပါ အောင်မြင်သူတစ်ဦးဖြစ်ပြီး ရုပ်ရည်အလှရော သရုပ်ဆောင်အရည်အချင်းနဲ့ပါ ပရိတ်သတ်တွေကိုဖမ်းစားထားနိုင်သူတစ်ဦးပါနော်။

မေမြင့်မိုရ်မှာ အမြွာမဟုတ်ပေမယ့် ရုပ်ချင်းတစ်ထေရာတည်းတူတဲ့ မောင်လေးတစ်ယောက်လဲရှိသေးတာကြောင့် ပရိတ်သတ်တွေက ယောင်းမတော်ချင်နေကြတာလဲဖြစ်ပါတယ်။

သူ့ရဲ့မောင်လေးဖြစ်သူ သျှင်းမြတ်ကလဲ အစ်မလိုပဲ သရုပ်ဆောင်တစ်ဦးအဖြစ်နဲ့ အနုပညာလောကထဲကိုရောက်ရှိလာပြီး ဇာတ်လမ်းတွဲတွေရိုက်ကူးကာ ပရိတ်သတ်ရဲ့အားပေးမှုတွေကို ရရှိနေပြီဖြစ်ပါတယ်။ အစ်မရဲ့ခြေရာကိုနင်းမယ့် သရုပ်ဆောင်တစ်ဦးဖြစ်နေပါပြီ။

ပြီးခဲ့တဲ့လကတော့ မေမြင့်မိုရ်ဟာ မောင်ဖြစ်သူ မင်းသားသျှင်းမြတ်နဲ့အတူ အမိုက်စားဖက်ရှင်တွေနဲ့ ရိုက်ထားတဲ့ပုံလေးတွေကို တင်ခဲ့ပြီး “𝑺𝒊𝒃𝒍𝒊𝒏𝒈 𝑮𝒐𝒂𝒍𝒔 🤎✨ 𝑳𝒐𝒐𝒌 𝑳𝒊𝒌𝒆 𝑻𝒘𝒊𝒏𝒔 ?” လို့ရေးတင်ထားခဲ့ပါတယ်။

တကယ်လဲ မောင်နှမနှစ်ဦးဟာ အမြွာတွေလိုရုပ်ချင်းဆင်တူပြီး နှစ်ယောက်လုံးအပြစ်ပြောစရာမရှိအောင်ချောနေကြတာလဲဖြစ်ပါတယ်။ ဒါ့အပြင် ဝတ်ဆင်ထားတဲ့ ဖက်ရှင်တွေနဲ့ကလဲ ဟောလိဝုဒ်စတားတွေလားလို့တောင် ထင်မှတ်ရပါတယ်။
ရုပ်ချင်းဆင်တူလေးတွေနဲ့ တစ်ယောက်တစ်မျိုး ချောလှပြီး ကြည်နူးအားကျစရာကောင်းတဲ့ မေမြင့်မိုရ်နဲ့ သျှင်းမြတ်တို့မောင်နှမရဲ့ ပုံလေးတွေကို သူတို့ကိုချစ်တဲ့ပရိတ်သတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။
Nana
Celepedia Myanmar