November 30, 2023

ဓာတ်ပုံရိုက်ကျွမ်းကျင်လွန်းတဲ့ မအေးသောင်းကိုယ်တိုင်ရိုက်ကူးပေးထားတဲ့ ပုံလှလှလေးတွေကို ထုတ်ကြွားလာတဲ့ နော်ဖောအယ်ထား

နော်ဖောအယ်ထားကတော့ လူမှုကွန်ယက်ကနေပဲ အလှပုံလေးတွေနဲ့ လူသိများလာပြီး ပရိတ်သတ်အဿဲစွဲဖြစ်လာတဲ့မင်းသမီးလေးတစ်ဦးပီပီ ချစ်စရာကောင်းလွန်းတဲ့ သူ့ရဲ့ဓာတ်ပုံလေးတွေကို ပရိတ်သတ်တွေအတွက် အမြဲလိုလိုတင်ပေးနေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ နိုင်ငံရပ်ခြားကို‌‌ရောက်ရှိနေတဲ့ နော်ဖောအယ်ထားဟာဒီနေ့မှာတော လှလှပပလေးဝတ်ဆင်ကာ အလုပ်ကိစ္စတစ်ခုကိုသွားရောက်ခဲ့ပုံရပြီး အဆိုပါနေရာမှာ မအေးသောင်းနဲ့လဲ တွ့ဆုံခဲ့တာကြောင့် မအေးသောင်းရိုက်ပေးထားတဲ့ ဓာတ်ပုံလေးတွေကို ပရိတ်သတ်တွေမြင်ရအောင်ထုတ်ကြွားလာပါတယ်။ သူ့ရဲချစ်စရာကောင်းတဲ့ပုံလေးတွေကိုတင်လာခဲ့ပြီး “Somewhere on earth: T …

လူဆိုးမလေးအဖြစ်သရုပ်ဆောင်ခဲ့ရပေမယ့် ပရိတ်သတ်တွေမမုန်းတဲ့အပြင် ချစ်သွားကြတဲ့ ဇာတ်ရုပ်လေးတစ်ခုအကြောင်း ပြောပြခဲ့တဲ့ ဆောင်းဝတ်ရည်မေ

ချစ်စရာမျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့အပြင် စကားပြောတာလေးကလဲသွက်သွက်လက်လက်နဲ့ ချစ်စရာကောင်းတဲ့ ဇာတ်လမ်းတွဲမင်းသမီးလေးကို ပြေးမြင်မိကြမှာပါ။ ဆောင်းဝတ်ရည်မေကတော့ ဇာတ်လမ်းတွဲရိုက်ကူးလာတာလဲကြာပြီဖြစ်ပြီး အခုချိန်ထိ ဇာတ်လမ်းတွဲတွေများစွာရိုက်ကူးထားတာဖြစ်လို့ ဇာတ်ရုပ်မျိုးစုံကိုလဲ စုံနေအောင်သရုပ်ဆောင်ဖူးတဲ့ မင်းသမီးတစ်လက်ဖြစ်နေပါပြီ။ သူသရုပ်ဆောင်ခဲ့ရတဲ့ ဇာတ်ရုပ်တွေထဲမှာမှ လူဆိုးမလေးအဖြစ် ဗီလိန်အဖြစ်သရုပ်ဆောင်ခဲ့ရတဲ့ဇာတ်ရုပ်ဖြစ်ပေမယ့် ပရိတ်သတ်တွေက မမုန်းတဲ့အပြင် အချစ်ပိုခဲ့ကြတဲ့ ဇာတ်ရုပ်လေးကဘာဖြစ်မလဲလို့ ပရိတ်သတ်တွေကို ဒီလိုမေးခွန်းထုတ်ခဲ့ပါတယ်။ နတ်သမီးမေမေ နတ်သမီးမေမေဆိုပြီး ခေါ်တာလေး …

(၈) နှစ်တာကာလလုံး အစွဲအလန်းကြီးတဲ့သူ့အနားမှာနေပေးခဲ့တဲ့ ပစ္စည်းလေးတစ်ခုကို နှုတ်ဆက်စကားဆိုခဲ့တဲ့ ဘုန်းရှိန်ခန့်

အပြုံးချိုချိုလေးနဲ့ စကားပြောရင်လဲ အေးအေးဆေးဆေးနဲ့ပြောတတ်တဲ့ မင်းသားချောဘုန်းရှိန်ခန့်ကတော့ ပရိတ်သတ်ရဲ့ချစ်ခင်အားပေးမှုတွေကို များစွာရရှိထားသူတစ်ဦးပါ။ ဇာတ်လမ်းတွဲတွေမှာသာ အလုပ်သဘောအရ ဇာတ်ရုပ်မျိုးစုံကို သွက်သွက်လက်လက်နဲ့သရုပ်ဆောင်ရပေမယ့် ပြင်ပဘဝမှာတော့ အနေအထိုင်အေးဆေးပြီး ရိုးရိုးရှင်းရှင်းသာနေတတ်တဲ့ ဘုန်းရှိန်ခန့်ဟာ အသစ်တွေဘယ်လိုပေါ်လာလာ အစွဲအလန်းကြီးတတ်တဲ့ သူ့ရဲ့အကျင့်လေးကို အခုလိုပဲပြောပြလာပါတယ်။ “ကျွန်တော်အစွဲလန်းအရမ်းကြီးသူပါ။ (၈.နှစ်) တာ ကာလလုံး အသစ်တွေဘယ်လိုပဲထွက်ထွက် ဒီဖုန်းလေးပဲ အလုပ်အတွက် …

ဒီနေ့မှာ ရုတ်တရက်ကွယ်လွန်သွားတဲ့ တစ်ချိန်က နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲမော်ဒယ်၊ သရုပ်ဆောင်မိုင်းမိုင်

တစ်ချိန်က သီချင်းဗီဒီယိုတွေမှာ မပါမဖြစ်ဖြစ်ခဲ့ပြီး ညို့အားပြင်းတဲ့အကြည့်လေးတွေကြောင့် မိန်းကလေးတိုင်းကြွေခဲ့ရတဲ့ မင်းသားချောလေးမိုင်းမိုင်ကိုတော့ ပရိတ်သတ်တွေအားလုံးမှတ်မိကြဦးမယ်ထင်ပါတယ်။ မိုင်းမိုင်ဟာ အနုပညာလောကထဲကရော ပရိတ်သတ်တွေရဲ့မြင်ကွင်းကပါ ပျောက်ကွယ်နေခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ မထင်မှတ်ထားတဲ့ သတင်းဆိုးတစ်ခုနဲ့ ပရိတ်သတ်တွေကို ထိတ်လန့်စေခဲ့ပါတယ်။ တစ်ချိန်ကနာမည်ကျော် မော်ဒယ်၊ သရုပ်‌ဆောင်မိုင်းမိုင်ဟာ ဧပြီလ ၂၄ ရက်နေ့ ၂၀၂၂ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး …

 မိဘတွေရဲ့ ငယ်ဘဝပုံလေးတွေထုတ်ပြရင်း သူကဘယ်သူနဲ့တူလဲလို့ ပရိတ်သတ်တွေကို မေးခွန်းထုတ်ခဲ့တဲ့ စိုးပြည့်သဇင်

အကယ်ဒမီ စိုးပြည့်သဇင်ကတော့ဘမျက်ခုံးမျက်လုံးလှလှလေးတွေနဲ့ ကြည့်လိုက်တာနဲ့အေးချမ်းတည်ငြိမ်ပြီး ချစ်စရာကောင်းတဲ့အလှကို ပိုင်ဆိုင်ထားသလို စိတ်သဘောထားလဲကောင်းမွန်တာဖြစ်လို့ အနုပညာလောကထဲ ဝင်ရောက်လာကာစကတည်းက ပရိတ်သတ်တွေချစ်နေရတဲ့ မင်းသမီးလေးတစ်လက်ပါ။ အနုပညာလောကမှာ မျိုးရိုးနောက်ခံရှိတဲ့ စိုးပြည့်သဇင်ကတော့ အသက် ၁၃ နှစ်အရွယ်တည်းက အနုပညာလောကထဲရောက်ရှိခဲ့သူဖြစ်လို့ ပရိတ်သတ်တွေအနေနဲ့ သူ့ရဲ့ငယ်ဘဝပုံရိပ်လေးတွေနဲ့တော့ စိမ်းမှာမဟုတ်ပါဘူးနော်။ ဒီနေ့မှာတော့ စိုးပြည့်သဇင်က သူတင်မက သူ့မေမေနဲ့ဖေဖေတို့ရဲ့ ငယ်ဘဝဓာတ်ပုံလေးတွေကိုပါ …

ဇာတ်လမ်းတွဲတွေထဲက ဇာတ်ကောင်တွေနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ သူ့ရဲ့ပုံစံလေးကိုပြသလာတဲ့ ခွန်းနေကြည်ချို

ခွန်းနေကြည်ချိုကတော့ Forever Star ပြိုင်ပွဲကနေ MRTV4 ရဲ့သရုပ်ဆောင်တစ်ဦးဖြစ်ခဲ့သူဖြစ်ပြီး ချစ်ရပါသောနွေ ဇာတ်လမ်းတွဲလေးနဲ့ သရုပ်ဆောင်လောကထဲကို ရောက်ရှိခဲ့တဲ့ ဇာတ်လမ်းတွဲမင်းသမီးလေးတစ်ဦးဖြစ်ပါတယ်။ မမှီဝဲနဲ့ကင်းအောင်နေဆိုတဲ့ ဇာတ်လမ်းတွဲလေးထုတ်လွှင့်အပြီးမှာတော့ ပရိတ်သတ်တွေပိုသိလာကြပြီး ယောက်ျားသားတစ်ဦးကို ချည်းကပ်မြူဆွယ်တတ်တဲ့ ကေသီဇာတ်ရုပ်နဲ့ ပရိတ်သတ်တွေရဲ့ရင်ထဲမှာ စွဲနေအောင် အောင်မြင်ခဲ့ပါတယ်။ မကြာသေးမီကထုတ်လွှင့်ခဲ့တဲ့ မကြေးစည်ဇာတ်လမ်းတွဲလေးမှာလဲ ဗီလိန်ဇာတ်ရုပ်နေရာကပါဝင်ခဲ့ပြီး သရုပ်ဆောင်ပီပြင်လွန်းတာကြောင့် ပရိတ်သတ်တွေက …

အသက် ၃၀ ပြည့်မွေးနေ့လေးမှာ နေကောင်းကျန်းမာနေကြောင်း ပရိတ်သတ်တွေကို သတင်းစကားပါးခဲ့တဲ့ အလင်းရောင်

အလင်းရောင်ကတော့ မော်ဒယ်ဘဝကတည်းက မိန်းကလေးပရိတ်သတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိထားတဲ့ မင်းသားချောလေးတစ်ဦးဖြစ်ပြီး သရုပ်ဆောင်စလုပ်တော့လဲ ဇာတ်ရုပ်ပီပြင်အောင်သရုပ်ဆောင်နိုင်တာကြောင့် နာမည်ကျော်လာသူတစ်ဦးပါ။ ရုပ်ရှင်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ သတို့သမီးရုပ်ရှင်နဲ့ အကယ်ဒမီဆန်ကာတင်စာရင်းဝင်ခဲ့တဲ့အလင်းရောင်ဟာ ၂၀၂၁ ခုနှစ် မြန်မာ့ရေးမှာလဲ ပြည်သူတွေနဲ့အတူ ရှေ့ဆုံးကရပ်တည်ခဲ့တာကြောင့် ပြည်သူ့အချစ်တော်လေးဖြစ်လာပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။ အခြားအနုပညာရှင်တွေကတော့ အရင်လိုအနုပညာအလုပ်တွေပြန်လုပ်နေကြပြီဖြစ်ပေမယ့် အလင်းရောင်ကတော့ အခုထိပရိတ်သတ်တွေနဲ့ရော …

ကမ္ဘာကျော်အမှတ်တံဆိပ်တွေအတွက် ကြော်ညာတွေဆက်တိုက်ရိုက်ကူးနေရတဲ့ မြန်မာမော်ဒယ် မေမြတ်နိုး

မေမြတ်နိုးကတော့ အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲမှာကတည်းက ပရိတ်သတ်တွေနဲ့ စတင်ရင်းနှီးခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာတော့ Miss Asia Pacific ရဲ့သရဖူပိုင်ရှင်အဖြစ် မြန်မာ့ဂုဏ်ကိုဆောင်နိုင်ခဲ့သူပါ။ အဲ့ဒီနောက်ပိုင်းမှာတော့ မေမြတ်နိုးဟာ ကမ္ဘာ့မော်ဒယ်လောကကို တဖြည်းဖြည်းဝင်ဆန့်လာခဲ့ပြီး Asian Next Top Model ပြိုင်ပွဲမှာလဲ Top 4 အထိရောက်ခဲ့တဲ့အပြင် နာမည်ကျော်ကိုရီးယားမင်းသား …

ခင်ပွန်းဖြစ်သူကွယ်လွန်တာ (၈) လပြည့်အနေနဲ့ သားသမီးနှစ်ဦးနဲ့အတူ ကောင်းမှုလုပ်ခဲ့တဲ့ နန်းမြတ်ဖြိုးသင်း 

နန်းမြတ်ဖြိုးသင်းကတော့ ပရိတ်သတ်တွေနဲ့မစိမ်းတဲ့ အဆိုတော်၊ သရုပ်ဆောင်တစ်ဦးအဖြစ်ပြီး ဆရာဝန်မလေးတစ်ဦးလဲဖြစ်တာကြောင့် အနုပညာလောကထဲကိုစတင်ဝင်ရောက်လာချိန်ကတည်းက အခုကလေးနှစ်ဦးမိခင်ဖြစ်တဲ့အထိ ပရိတ်သတ်တွေရဲ့အားပေးမှုကိုရရှိထားသူပါ။ ခင်ပွန်းဖြစ်သူ ရုတ်တရက်ကွယ်လွန်သွားပြီးနောက်မှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ သားသမီးနှစ်ဦးနဲ့ကျန်ရစ်ခဲ့တာကြောင့် ပရိတ်သတ်တွေရဲ့ ဂရုဏာသက်မှုနဲ့အားပေးမှုတွေကို ရရှိခဲ့ပြီး အနုပညာအလုပ်တွေကို အဆက်မပြတ် ပြန်လည်လုပ်ကိုင်နေတာဖြစ်ပါတယ်။ ဒီနေ့မှာတော့ နန်းမြတ်ဖြိုးသင်းဟာ ခင်ပွန်းဖြစ်သူကိုတာတာမျိုးရဲ့ ကွယ်လွန်ခြင်း (၈) လပြည့်အနေနဲ့ သားသမီးနှစ်ဦးနဲ့အတူ …

အသက် ၃၄ နှစ်လို့တောင်မထင်ရတဲ့အထိ ယခင်ကထက်တောင်ပိုနုပျိုလှပလာတဲ့ နန်းဆုရတီစိုး

မော်ဒယ်၊ သရုပ်ဆောင် နန်းဆုရတီစိုးကတော့ အနုပညာလောကထဲကို စတင်ဝင်‌ရောက်လာစဉ်ကတည်းက ဂျပန်မလေးလို ဖြူဖွေးနုဖတ်နေတဲ့အလှတရားလေးကိုပိုင်ဆိုင်ထားတာကြောင့် ပရိတ်သတ်တွေကြားမှာ ရေပန်းစားခဲ့တာပါ။ အခုနောက်ပိုင်းမှာလဲ အလှအပကိုပိုပြီး ဂရုတစိုက်ထိန်းသိမ်းလာတာနဲ့အညီ အရင်ကထက်တောင်ပိုပြီး ကျော့ရှင်းလှပလာတာကိုလဲတွေ့ရပါတယ်နော်။ နန်းဆုရတီစိုးဟာ အနုပညာလောကမှာကျင်လည်လာတာတင်ပဲအတော်ကြာပြီဖြစ်ပြီး အသက် ၃၄ နှစ်ရှိပြီဖြစ်ပေမယ့် မထင်မှတ်ရလောက်အောင်ကို အရွယ်တင်နုပျိုသူတစ်ဦးပါ။ ဒီနောက်ပိုင်းမှာတော့ နန်းဆုရတီစိုးဟာ မြန်မာဝတ်စုံလေးတွေနဲ့ အလှပုံလေးတွေကိုခပ်စိတ်စိတ်တင်လာပြီး …